ပင်လယ် ရေခူ


ပင်လယ် ရေခူ
ပင်လယ်ရေခူသည် မြန်မာနိုင်ငံတောင်ဘက် မြိတ်ကျွန်းစုဒေသတွင် အတွေ့များသော ရေသတ္တဝါတစ်မျိုးဖြစ်သည်။ ၎င်းမှာ အမျိုးအစား များပြားလှသည်။ ရေနွေးဖျောရုံဖြင့် တို့စရာအဖြစ် စားသုံးရသော စိမ်းစားခူ(ခေါ် ) ခူဖန်ခွက် အညိုရောင်သည် ခေါင်းတွင် ရောင်စုံ အစက်အပြောက်များ ပါရှိသော ခူညို၊ ၎င်းကဲ့သို့ အနီရောင်ခေါင်းနှင့် ခူနီ၊ မုန့်ဖလောင်း (မုန့်လက်ဆောင်း) ကောင်လေးများနှင့် အလွန်တူသော ခူဖလောင်း၊ ခူမျှော့၊ ခေါင်းပိုင်း ပျော့တွဲတွဲနှင့် အမြီးရှည်လျား စေးပျစ်ပြီး ပိုက်တန်းများကို ဝင်တိုးမိလျှင် ရှင်းထုတ်၍ မကုန်နိုင်လောက်အောင် စေးကပ်လွန်း သောကြောင့် ရေလုပ်သားများ အလွန် စိတ်ညစ်ကြသည့် ခူထမင်းပြုတ် စသည်ဖြင့် အမျိုးအမည်များစွာ များပြားလှသည်။

အန္တရာယ်ပေးနိုင်သော အဆိပ်အတောက် ပြင်းသည့် ရေခူနှစ်မျိုးမှာ ခူထောင်း နှင့် ခူမီး (ခေါ် )
ခူမီးတောက် တို့ဖြစ်သည်။ ခူထောင်း၏ ခေါင်းပိုင်းသည် ပန်းကန်လုံးကဲ့သို့ ပုံသဏ္ဌာန်ရှိပြီး ရှည်လျားသည့် အမြှီးတန်း ပါရှိသည်။ အကြီးဆုံး အရွယ်အစားမှာ လက်သီးဆုပ်ခန့်ရှိ၍ အမြှီးမှာ နှစ်တောင်မှ သုံးတောင်ခန့်အထိ ရှိသည်။ ထိုခူထောင်း၏ ခေါင်းပိုင်းနှင့် ထိ၍ မည်သို့မျှ မဖြစ်သော်လည်း အဆိပ်ရှိသည့် အမြှီးပိုင်းနှင့် ထိလျှင်မူ မခံမရပ်နိုင်လောက်အောင် ဆိုးဝါးသော ယားယံမှုကို ခံစားရသည်။

အချိန်မီ မကုသလျှင် သုံးနာရီမှ ခြောက်နာရီလောက် အထိ ယားယံနေတတ်ပြီး နှစ်ရက်အကြာတွင် ထိုနေရာမှ အနာများ ပေါက်လာတတ်သည်။ ထိုအနာများအား ကုသရန် ခက်ခဲ၍ ပျောက်ကင်းသွား သည့်တိုင် အမာရွတ်နေရာများသည် မူလ အရေပြားအတိုင်း ပြန်လည် မချောမွေ့တော့ပါ။ ခူထောင်း၏ အမြီး သို့မဟုတ် အမြီးမှထွက်သော အရည်သည် မျက်လုံးထဲသို့ ဝင်ပါက အလွန်ဆိုးဝါးသည့် ဝေဒနာကို ခံစားရမည် ဖြစ်ပြီး မိနစ်သုံးဆယ်အတွင်း ကြံရည်ဖြင့် မျက်လုံးကို ဆေးကြောသန့်စင်ရသည်။ အချိန်မှီမဆေးလျှင် မျက်လုံးကန်းမည် ဖြစ်သည်။

ခူထောင်းထက် ပိုအန္တရာယ်ကြီးသည်မှာ ခူမီး ခေါ် ခူမီးတောက် ဖြစ်သည်။ ခူမီး၏ ဦးခေါင်းသည် ရှစ်မြောက် ဖန်ခွက်ပုံသဏ္ဍန် ရှိတတ်သလို ဘောလုံးကဲ့သို့ လုံးဝန်သော ပုံသဏ္ဌာန်လည်း ရှိသည်။ အရွယ်အစားမှာ အထက်ဖော်ပြပါ ခူထောင်းခန့်သာ ရှိသော်လည်း အမြီးတန်းမှာ တစ်လံကျော်သည်အထိ ရှည်လျားသည်။ ခူမီးသည် ရှစ်မြောက်ခွက်ပုံ ကြည်လင်သော ဦးခေါင်း၊ ငါးမြှီးခွပုံခြေနှင့် ထိုမှထွက်သော ပန်းနုရောင် အမြီးတန်း ရှစ်ချောင်းဖြင့် လွန်စွာလှပပေသည်။ ထိုကဲ့သို့ လှပသလောက် အန္တရာယ်လည်း အလွန်များ သည်။

ရေခူနှင့် ကျန်းမာရေး

ရေခူကို အများအားဖြင့် ခရမ်းချဥ်သီးမြေပဲ၊ငရုတ်သီး၊ ကြက်သွန်အဖြူအနီ၊ သံပုရာသီးနှင့်ငရုတ်သီးစိမ်းတို့ဖြင့် သမအောင်နယ်ပြီး အသုပ်အဖြစ် အဆာပြေသုပ်စားလေ့ရှိကြသည်။ ထို့နောက် ကြက်သွန်အဖြူအနီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ သံပုရာရည်ညှစ်ပြီး အချဥ်ဖျော်စပ်ကာ ရေခူကိုရေနွေးထဲ(၅မိနစ်) ခန့်စိမ်ပြီး ပြန်ဆယ်ပြီးနောက် ရေခဲရေတွင်ထပ်မံ စိမ်၍တို့စားကြပြန်သည်။ကျွတ်ဆတ်ဆတ် တထုတ်ထုတ်ဝါးရသည့်အရသာက
မန်စည်းစိမ်တမျှ စွဲမက်စရာဖြစ်၍ ထူးခြားသော စျေးကွက်ဝင် ပင်လယ်စာ စားဖွယ်ရာ တစ်မျိုးဖြစ်သည် ။ရေခူတစ်ပိဿာလျှင်မြန်မာပြည်တွင်း၌ ၈၀၀၀ ကျပ်မှ ၁၀၀၀၀ကျပ်အထိ ပေါက်စျေးရှိသည်။ ထို့ပြင် ရေခူ(ခေါ်)ဂျယ်လီငါးကို ဆေးပညာတွင် လက်ရှိ အသုံးပြုနေဆဲဖြစ်သည်။ ဥပမာအားဖြင့်၊ ရေခူကို ဝမ်းပျော့ဆေးနှင့် ဆီးဆေး ပြုလုပ်ရန် အသုံးပြုကြသည်။ ထို့အပြင် ရေခူရွက်ခြောက်များမှ အဆိပ်ကို အဆုတ်ရောဂါများကုသရာတွင်လည်း အသုံးပြုသည်။ ရေခူစားသုံးခြင်းဖြင့်အသားရည်နူးညံ့ပျော့ပြောင်းခြင်း၊ ဥာဏ်ရည်တိုးပွားခြင်း အဆီဓာတ်နည်းခြင်း၊ ပရိုတင်းနဲ့အမိုင်နိအက်ဆစ် ပါဝင်ခြင်း၊ ထို့နောက် ၎င်း ဂျယ်လီငါးသည် စိတ်ဖိစီးမှုများကို လျော့ကျစေန်ိုင်သောအစွမ်းအာနိသင်ရှိခြင်း စသဖြင့် အာနိသင်ကောင်းများပါဝင်ခြင်းကြောင့် အရွယ်ရောက်ပြီးသူတိုင်းအားဆေးအဖြစ် မှီဝဲ သောက်သုံးလေ့ရှိကြသည်။ 

ရေခူကို မြန်မာနိုင်ငံတွင် ရခိုင်ကမ်းရိုးတန်းနှင့် တနင်္သာရီကမ်းရိုးတန်းဒေသတို့တွင် ပေါများစွာ တွေ့မြင်နိုင်သည်။ "ကရစ်ဘီယန်ပင်လယ်"တွင်လဲတွေ့မြင်နိုင်သည်။ 

ရေခူသည် သွေးတိုးရောဂါ အရိုးရောဂါနှင့် အစာခြေပြဿနာများအတွက် အထူးသင့်လျော်သော အစားအစာဖြစ်သည်။
ကယ်လိုရီ 21
ပရိုတင်း- 3 ဂရမ်
အဆီ: 1 ဂရမ်
ဆီလီနီယမ် နေ့စဉ်တန်ဖိုး (DV) ၏ 45%
ကိုလင်း- DV ၏ ၃ ရာခိုင်နှုန်း
သံ- DV ၏ ၃ ရာခိုင်နှုန်း
ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ် နှင့် ဖော့စဖရပ် အနည်းငယ် ပါဝင်သည်။

အဆီပါဝင်မှုနည်းသော်လည်း ရေခူတွင်ရှိသော အဆီတစ်ဝက်ခန့်သည် အစားအသောက်များတွင် မရှိမဖြစ် လိုအပ်သော အိုမီဂါ-( ၃ )နှင့် အိုမီဂါ-(၆ )ဖက်တီးအက်ဆစ်များအပါအဝင် "polyunsaturated fatty acids (PUFAs) "မှရရှိကြောင်း လေ့လာမှုများအရ သိရှိရသည်။ ကမ္ဘာပေါ်တွင် ရေခူမျိုးစိတ်ပေါင်း (၃)သိန်းကျော်ရှိပြီး( ၁၁) မျိုးသာ စားသုံးရန်သင့်တော်သည်။ ထို့ကြောင့် ရေခူသုပ်စားခြင်းဖြင့် ဥာဏ်ရည်မြင့်မား အသားရည်လှပစေပါသည်။

အချို့ပင်လယ်နေသတ္တဝါများသည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းအချို့ကို ကျန်းမာအောင် လည်ပတ်ရာတွင် အထောက်ကူပြုစေသော အာနိသင် များစွာပါဝင်သဖြင့် အစာလဲဆေး ဆေးလဲအစာဆိုသကဲ့သို့ စားသုံးလေ့ရှိကြပါသည်။

Yuzana (myeik)

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)