Posts

Showing posts from September, 2022

Certificate နဲ့ Diploma ပေးတဲ့ English Free Wetsite လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။

Image
Certificate နဲ့ Diploma ပေးတဲ့ English Free Wetsite လေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ World English Institude လို့ခေါ်ပါတယ်။  Courses ☑ Elementary Course ☑ Intermediate Course ☑ Advance Course  ☑ Supplymental Courses ဆိုတဲ့ course လေးခုရှိပါတယ်။ ▪ Elementary Course မှာ Lesson(39) ခုပါပါတယ်။ Lesson တစ်ခုမှာ 1.1, 1.2 အဲလိုထပ်ခွဲထားပါသေးတယ်။  ▪ Intermediate Course မှာ Lesson(21) ခုပါပြီး Grammer နဲ့ Reading နှစ်ခုတွဲပြီး လေ့လာရပါတယ်။ Reading မှာ voice file လေးပါတဲ့အတွက် listening အတွက်လဲ လေ့ကျင့်လို့ရပါတယ်။ ▪ Advance Course မှာ Lesson (27) ခုပါပါတယ်။ TOFEL Exam အတွက် အထောက်အကူဖြစ်တဲ့ သင်ခန်းစာတွေပါရှိပါတယ်။  ▪ Supplymental Course မှာ addtional lesson (50) ပါရှိပါတယ်။   ▪ Course တစ်ခုပြီးတိုင်း Certificate ထုတ်ယူနိုင်ပြီး Intermediate, Advance and Supplymental Courses အားလုံးပြီးလျှင် Diploma ထုတ်ယူနိုင်ပါတယ်။  How to sign up ▪ပထမဆုံး World Englush Institude ကို google မှာရှာပြီး ဝင်ပါ။ ▪Sign up for free English lesson ကိုနှိပ်လိုက်ရင် personal imformation ဖြည့်ပေးရပါမယ်။ sumit လုပ်လ

Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai ရဲ့ မိန့်ခွန်းလေးတစ်ခု

Image
Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai ရဲ့ မိန့်ခွန်းလေးတစ်ခုကို ပထမဆုံးဖတ်ကြည့်လိုက်ပါနော်။  "Imagine life is a game of 5 balls that you manipulate in the air trying not to fall these balls. One of them is rubber, and the rest are glass." " ဘဝဆိုတာကို ဘောလုံးငါးလုံးကို မြေပေါ်မကျအောင် ထိန်းကစားရတဲ့ game တစ်ခုလို မြင်ကြည့်ပါ။ အဲဒီဘောလုံးငါးလုံးထဲမှာ တစ်လုံးသာလျှင် ရာဘာဘော်လုံး ဖြစ်ပြီး ကျန်တဲ့ လေးလုံးက ဖန်ဘောလုံး ဖြစ်ပါတယ်။ " The five balls are work, family, friends, health and soul.  💡ဒီဘောလုံးငါးလုံးမှာ work ( အလုပ်)တစ်ခုသာလျှင် ရာဘာဘော်လုံးဖြစ်ပါတယ်။ ကျန်တာအကုန်လုံးကတော့ ဖန်ဘောလုံး ဖြစ်ပါတယ်။  💡Work အလုပ်ဆိုတာ အရေးကြီးပါတယ်။ ဒါပေမဲ့ ပြန်လည်တည်ဆောက်လို့ရနိုင်ပါသေးတယ်။ တစ်ကြိမ်ရှုံးရင် နောက်တစ်ကြိမ် ကြိုးစားခွင့် ရှိပါသေးတယ်။ ဒါကြောင့် rubber ball လို့ဆိုထားခြင်းဖြစ်ပါတယ်။ ကျသွားခဲ့ရင် ပြန်ခုန်နိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ လုပ်သင့်သလောက် မလုပ်ဘဲ့ နေရင်တော့ ဘဝမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။ 💡Family မိသားစုဆိုတာတော့ ဘဝမှာ အစားထိုးလို့မရတဲ့ အရာတစ်ခုဆိုတာဘယ်

မဲလံဆံတော်ရှင် စေတီတော်

Image
မဲလံဆံတော်ရှင် စေတီတော်  မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ မဲလံဆံတော်ရှင် စေတီကို မဲလံတောင်မှာ တည်ထားကိုးကွယ် ထားပါတယ်။  မဲလံတောင်က ဘီးလင်းမြို့ရဲ့ မြောက်ဘက် (၁၄)မိုင် (၅)ဖာလုံ အကွာမှာရှိတဲ့ ဘီးလင်း - ဖာပွန် ကားလမ်းမ နံဘေးမှာ တည်ရှိပါတယ်။  မဲလံတောင်ကို အဝေးက လှမ်းကြည့်ရင် လဲလျောင်းနေတဲ့ နဂါးတစ်ကောင်အလား ထင်မှတ်ရပါတယ်။ မဲလံတောင်ဟာ ကျောက်တောင်အမျိုးအစား ဖြစ်ပြီး တောင်ပေါ်မှာ ဘုရား၊ စေတီ ပေါင်း ၄၀ ဝန်းကျင်လောက် တည်ထားလျက် ရှိပါတယ်။  မဲလံဆံတော်ရှင် သမိုင်းသည် သထုံရာဇဝင်နှင့် နှီးနွယ်လျက် မြတ်စွာဘုရားသခင် သုဝဏ္ဏဘူမိသို့ ဒေသ စာရီကြွရောက်ပြီး ဆံတော်ဓာတ်များ ချီးမြင့် ပေးသနားတော်မူသည့် သမိုင်းနှင့်ဆက်နွယ်လျက်ရှိကြောင်း ရှေးလူကြီးသူမများ ပြောကြားမှုမှတစ်ဆင့် မှတ်သားရပါတယ်။  မဲလံစေတီတော်တည်နေရာမှာ ယခင်ကသွားရန် မလွယ်ကူ တောကြိုတောင်ကြားတောင်ထွတ်များ ခြုံနွယ်ပိတ်ပေါင်းကြားမှာ တည်ရှိသဖြင့် လူသိနည်း အရောက်အပေါက် နည်းခဲ့ပါတယ်။     အခုချိန်မှာတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သလို ကျိုက်ထီးရိုးတောင်ကဲ့သို့ ကားဖြင့် အတက်အဆင်း လွယ်ကူစွာ ပြုလုပ်နိုင်တဲ့အတွက်

ယခုခေတ်တန်ဖိုးရှိမှန်းမသိကြသော Black Indian skin ရှိခြင်း၏ကောင်းကျိုးများ

Image
ယခုခေတ်တန်ဖိုးရှိမှန်းမသိကြသော Black Indian skin ရှိခြင်း၏ကောင်းကျိုးများ ဦးစွာ Melanin ဆိုသောရောင်ခြယ်ပစ္စည်းတစ်မျိုးပေါ်မူတည်၍လူတိုင်းတွင်အသားအရောင်အမျိုးမျိုးရှိပါသည်။လူ့အသွင်အပြင်နှင့်ပတ်သတ်၍ melanin နှစ်မျိုးရှိပါသည်။white skinများတွင် pheomelanin ဆိုသော melanin ရှိပြီး black indian skinဖြစ်ရခြင်းကတော့ eumelanin လို့ခေါ်သော melanin ထုတ်လုပ်မှုများသောကြောင့်ဖြစ်ပါသည်။ထို့အပြင် neuromelanin  သည် အသွင်အပြင်နှင့်ဆိုင်သော melanin မဟုတ်ပဲ လူ့ဦးနှောက်နှင့်အဲ့ areaမှာရှိသည့်ဖွဲ့စည်းပုံ cellများအတွက် ရောင်ခြယ်ပစ္စည်းထုတ်လုပ်ပေးပါသည်။ Eumelanin ဆိုသော melanin သည် 'natural umbrella'အဖြစ်ဖြင့် အန္တရာယ်ရှိသောဓာတ်ရောင်ခြည်(UV)ကျရောက်မှုမှလည်းကာကွယ်ပေးပါသည်။အမျိုးသမီးများတွင်အဖြစ်များသောအရေးအကြောင်းဖြစ်ခြင်း၊သွေးကြောပေါက်ခြင်း၊ပါးနှင့်နှုတ်ခေါင်းပေါ်တွင်တင်းတိတ်အမဲစက်ဖြစ်ပွားမှုကို white skinများထက် ဖြစ်နိုင်ချေနည်းပါသည်။black indian skin ဖြစ်ရခြင်းက eumelanin ထုတ်လုပ်မှုများသောကြောင့်ဖြစ်ပြီး melanin ထုတ်လုပ်မှုများလျှင် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုခံနိုင်ရည်ရှိပါသည်။ထို့အပြင်

သံဓာတ်ကြွယ်ဝသော အစားအစာများ

Image
"သံဓာတ်ကြွယ်ဝသော အစားအစာများ" သံဓာတ်ချိုတဲ့ရင် (Iron Deficiency Anemia) လိုခေါ်တဲ့ သွေးအားနည်းရောဂါ ရနိုင်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီလိုသွေးအားနည်းခြင်းကို ကြိုတင်ကာကွယ်နိုင်ဖိုအတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။ 'အနီရောင်အသားနှင့်ငါးများ' အမဲသား၊ သိုးသား၊ ဝက်သားလိုအနီရောင် အသားမျိုး တွေ၊ ကြက်ဆင်သား၊ ကြက်သား၊ ဘဲသားလို အဖြူရောင်အသားတွေ၊ ဆော်လမွန်၊ တူနာငါးလိုငါးမျိုးတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဥမျိုးစုံကလည်း သံဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။ 'ပဲအမျိုးမျိုး' ပဲကြီး၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ကုလားပဲတွေဟာ သံဓာတ်ကြွယ်ဝတဲ့ပဲတွေပဲ ဖြစ်ပါတယ်။ အခြားသီးနှံများမှာတော့ အုတ်ဂျုံ၊ ကောက်နှံ၊ ဘာလီ၊ ဂျုံလို နှံစားသီးနှံတွေ ပါဝင်ပါတယ်။ 'အပင်ထွက်ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ' သကြားမုန်လာဥ၊ အာလူး၊ ပန်းမုန်လာစိမ်း၊ ဟင်းနုနယ်၊ ငရုတ်သီးပွ၊ ပဲငပိ၊ မုန်လာဥဖြူ၊ ကိုက်လန်၊ သံလွင်သီးတွေကတော့ သံဓာတ်ကြွယ်ဝတဲ့ သီးနှံတွေပါပဲ။ ဒါ့အပြင် အူထဲကနေ သံဓာတ်စုပ်ယူမှုအားကောင်းစေဖိုဆိုရင် ဗီတာမင်စီက အရေးပါတာမလို လိမ္မော်သီး၊ ကမ္ဗလာသီး၊ သံပရာသီး၊ လီမွ

ဆံပင်တွေ မကျွတ်အောင် ဘာလုပ်ကြမလဲ

Image
  ဆံပင်တွေ မကျွတ်အောင် ဘာလုပ်ကြမလဲ -အစာအာဟာရ ညီမျှအောင် စားသုံးခြင်း အာဟာရဓာတ်စုံလင်အောင် အသီးအရွက်၊ အသား၊ အစေ့အဆံနှင့် ပင်လယ်စာတိုကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာလာနိုင်ပါတယ်။ -ဆံပင်ကို တင်းကြပ်စေတဲ့ စတိုင်လ်မျိုး မလုပ်ခြင်း ဆံပင်ကို တင်းတင်းကြပ်ကြပ်ကြီး စီးတာ၊ ထုံးတာမျိုး မလုပ်ဘဲ ပြေပြေလေး ကျစ်ဆံမြီးကျစ်တာပဲ ဖြစ်ဖြစ်၊ ပြေပြေလေး စီးထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကို ဒီတိုင်း ချထားတာပဲဖြစ်ဖြစ် လုပ်ရင်တော့ ဆံပင်ကျွတ်တာ သက်သာနိုင်ပါတယ်။ -အိပ်ရေးဝဝအိပ်ခြင်း တစ်နေ့ကို အနည်းဆုံး ခုနစ်နာရီမှ ရှစ်နာရီထိ အိပ်စက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဆံပင်ကို ကောင်းစွာ ဖွံဖြိုးစေတဲ့ ဟော်မုန်းကို ကောင်းကောင်းလည်ပတ်စေတဲ့အပြင် ဆံပင်ကို ဆီအများကြီး ထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။ -ဖြည့်စွက်စာ သောက်သုံးခြင်း အစာကြေးများပြီး အာဟာရချိုတဲ့တဲ့လူတွေတွက် multivitaminတွေကို သောက်သုံးပြီး ဆံပင်သန်အောင်နှင့် ဆံပင်ဆဲလ်လေးတွေ ကျန်းမာလာအောင် ပြုလုပ်နိုင်ပါတယ်။ -သင့်လျော်သော ထုတ်ကုန် အသုံးပြုခြင်း Shampoo၊ mask၊ cream စတာတွေကို အသုံးပြုမယ်ဆိုရင် အရည်အသွေးကောင်းမွန်ပြီး မိမိနှင့် တည့်တာမျိုး ရွေးခြယ်သင့်ပါတယ်။ #Crd

လိမ္မော်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများ 👇👇👇

Image
  လိမ္မော်သီး၏ကျန်းမာရေးအကျိုးကျေးဇူးများ 👇👇👇 ✴️ လမ္မော်သီးမှာပါတဲ့ ဗီတာမင် C က သင့်ခန္ဓာကိုယ်ကို နည်းလမ်းများစွာနဲ့ ကူညီပေးပါတယ်။ ✴️ သင်၏ဆဲလ်များပျက်စီးခြင်းမှကာကွယ်ပေးသည်။ ✴️ သင့်ခန္ဓာကိုယ်သည် ဒဏ်ရာများကို သက်သာပျောက်ကင်းစေပြီး ချောမွေ့သော အသားအရေကို ရရှိစေသည့် ပရိုတင်းဓာတ်ဖြစ်သည့် ကော်လာဂျင်ကို ဖန်တီးရန် ကူညီပေးသည်။ ✴️ သေးအားနည်းခြင်းကို တိုက်ဖျက်ရန် သံဓာတ်စုပ်ယူရန် ပိုမိုလွယ်ကူစေသည်။ ✴️ သင့်ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သင့်ခန္ဓာကိုယ်မှ ပိုးမွှားများကို ခုခံကာကွယ်ပေးသည်။ ✴️ အမြင်အာရုံဆုံးရှုးမှု၏ အဓိကအကြောင်းအရင်းဖြစ်သည့် အသက်အရွယ်ဆိုင်ရာ macular degeneration (AMD) ၏ တိုးတက်မှုကို နှေးကွေးစေသည် ✴️ ကင်ဆာဖြစ်စေသော ဖရီးရယ်ဒီကယ်များကို တိုက်ဖျက်ရာတွင် ကူညီပေးသည်။ Crd

သံပရာသီး

Image
  #သံပရာသီး သံပရာဖျော်က သင့်ရဲ့ ခန္ဓာကိုယ်အတွက် များစွာအထောက်အကူပေးနိုင်တဲ့အပြင် နေ့စဉ်သောက်သင့်တဲ့ ဖော်ျရည်တစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ယနေ့မှာ သင်သိပ်မသိသေးတဲ့ သံပရာသီးရဲ့ ကောင်းကျိုးတွေကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ် (၁) အစာကြေစနစ်ကို ကောင်းမွန်စေခြင်း သံပရာသီးမှာပါဝင်တဲ့ soluble fiber က သင့်ရဲ့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းညှိပေးနိုင်တာကြောင့် တကယ့်ကို အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပါတယ်။ (၂) နှလုံးရောဂါ ကိုကာကွယ်ပေးနိုင်ခြင်း သံပရာသီးမှာ pectin တစ်မျိုးထဲသာမက ဗီတာမင် C ဓာတ်ပြည့်ဝစွာပါဝင်တာကြောင့် နှလုံးရောဂါတွေကို ကာကွယ်ပေးနိုင်တဲ့အပြင် မောပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေနိုင်ပါတယ်။ (၃) ကင်ဆာ ဆဲလ်တွေကို လျော့ချပေးနိုင်ခြင်း ကင်ဆာရောဂါတွေ မဖြစ်ချင်ဘူးဆိုရင်တော့ သံပရာရည်ကို တစ်နေ့တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။ သံပရာသီးထဲမှာပါတဲ့ d-limonene က ကင်ဆာဖြစ်ပေါ်စေတဲ့ ဆဲလ်တွေကို အကောင်းဆုံးလျော့ချပေးနိုင်တာကြောင့် ကျန်းမာရေးအတွက် အထူးသင့်လျော်တဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ (၄) ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း ဒီတစ်ခ

Vitamin C

Image
  Vitamin C ဟာ ကိုယ်ခံအားကောင်းစေပြီး အရေပြားကျန်းမာရေးနဲ့ အရိုးအဆစ်ကျန်းမာရေးကို ကောင်းမွန်စေရုံသာမက အလှအပအတွက်လည်း အရေးပါတဲ့ ဗီတာမင် တစ်မျိုး ဖြစ်ပါတယ်။ ဗီတာမင် စီ ချိုတဲ့ရင် ခုခံအားနည်းခြင်း၊ အသားအရေခြောက်သွေ့ပျက်စီးခြင်း၊ စိတ်ဖိစီးမှုဒဏ် မခံနိုင်ခြင်းနှင့် စိတ်ကြည်လင်မှု ပျောက်ဆုံးခြင်းတိုကို ခံစားရတတ်ပါတယ်။ လူတစ် ယောက်ဟာ တစ်နေ့တာအတွက် ဗီတာမင် စီ (၇၅) မီလီဂရမ်ကနေ (၉၀) မီလီဂရမ်လောက်အထိ ရရှိဖိုလိုအပ်ပါတယ်။ ဗီတာမင်စီ ပါဝင်တဲ့အစားအစာတွေကတော့ မာလကာသီး၊ ကီဝီသီး၊ လိုက်ချီးသီး၊ သံပရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး၊ သင်္ဘောသီးနဲ့ ပန်းဂေါ်ဖီစိမ်း စတာတွေပဲဖြစ်ပါတယ်။ Oramin-C ကို Anti-Stress Formula နဲ့ထုတ်လုပ်ထားတာကြောင့် စိတ်ဖိစီးမှုကင်းဝေးစေပါတယ်။ ဗီတာမင် စီ အုပ်စုနဲ့ ဗီတာမင် ဘီ အုပ်စုတိုပါဝင်တာကြောင့် ကိုယ်ခံအားကောင်းစေရုံသာမက တစ်ခြားရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ Oramin-C ကို တစ်နေ့ (၁) လုံးသောက်သုံးပြီး စိတ်ကြည်လင် လန်းဆန်းကာ နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာနေနိုင်ပြီပေါ့..... #Oramin_C Crd

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

Image
မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက  ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း  ( The Lake of No Return ) _______ ဖြစ်စဉ် (၁) ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေဟာ စစ်ရှုံးပြီးထွက်ပြေးတဲ့ ဂျပန်တပ်တွေကို လေကြောင်းတိုက်ပွဲတွေ လိုက်လံဆင်နွှဲခဲ့ပါတယ် ။အဲဒီစစ်လေယာဉ်အမြောက်အများဟာ နောင်ယန်းအင်းကို ဖြတ်ပြီးပျံသန်းချိန်မှာ ထူးဆန်းစွာပျောက် ဆုံးသွားကြပါတယ် ။အင်းထဲပျက်ကျတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး စုံစမ်းရှာဖွေဖို့ တပ်ရင်းတစ်ခုကို ထပ်မံစေလွှတ်လိုက်ပေမယ့် ၊ အဲဒီစေလွှတ်ခံရတဲ့ တပ်ရင်းတစ်ရင်းလုံးပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတော့တယ် ။ဒါကတော့ အိန္ဒိယမြန်မာနယ်စပ် ၊ ပန်ဆောင်မြို့အနီးက နောင်ယန်းအင်းလို့ခေါ်တဲ့အင်းတစ်ခုကို ပြန်လမ်းမဲ့အင်း ( The Lake Of No Return ) လို့ နာမည်စတွင်စေခဲ့တဲ့ အကြောင်းရင်းများစွာတွေထဲက တစ်ခုပဲဖြစ်ပါတော့တယ်။ ဖြစ်စဉ် (၂)  စစ်ရှုံးပြီး မြန်မာနိုင်ငံကနေ ပြန်လည်ဆုတ်ခွာသွားတဲ့ ဂျပန်စစ်တပ် တပ်ခွဲတစ်ခွဲဟာ နောင်ယန်းအင်းအနီးမှာ ညအိပ် စခန်းချ ရပ်နားစဉ်မှာပဲ ထူးဆန်းစွာ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။ဂျပန်စစ်တပ်အကြီးအကဲတွေကတော့ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတု ဒဏ်နဲ့ငှက

ဘာမြူဒါ တြိဂံ (Bermuda Triangle)

Image
ဘာမြူဒါ တြိဂံ (Bermuda Triangle)  _________ ဘာမြူဒါ တြိဂံ (Bermuda Triangle) သည် အတ္တလန်တစ် (Atlantic) သမုဒ္ဒရာ၏ အနောက်မြောက်အရပ်တွင် တည်ရှိသော နေရာတဝိုက်ဖြစ်ပြီး ထိုနေရာမှာ သင်္ဘော၊ လေယာဉ်များ ပျောက်ဆုံးသွားသည်ဟု နာမည်ကြီးသော နေရာဖြစ်သည်။ ဘာမြူဒါ တြိဂံဟု ခေါ်ရခြင်းမှာ ထိုနေရာတည်နေပုံသည် တြိဂံပုံထွက်နေသောကြောင့်ဖြစ်သည်။ အကြမ်းဖျင်း အားဖြင့် မက္ကဆီကို ပင်လယ်ကွေ့၊ ဖလော်ရီဒါ ပြည်နယ်၏ အစွန်းနှင့် ကာရီဘီယံကျွန်းများ အနီးတစ်ဝိုက်ဖြစ်သည်။ ထိုနေရာကို သတိထားမိပြီး ပထမဆုံး မှတ်တမ်းတင်ခဲ့သည်မှာ ခရစ်စတိုဖာ ကိုလမ်ဘက်စ် (Christopher Columbus) ဖြစ်သည်။ ၁၄၉၂ အောက်တိုဘာ ၁၁ ရက်နေ့တွင် မိုးကုတ်စက်ဝိုင်းမှ ထူးဆန်းသည့် အလင်းရောင်များကို တွေ့ရှိခဲ့သည်။ မိုးကောင်းကင်တွင် မီးများ တောက်နေသကဲ့သို့ တွေ့ရသည်ဟု သူ၏စာအုပ်တွင် ရေးသားခဲ့ခြင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် ထိုသို့ဖြစ်ရသည်ကို မည်သူမျှ အသေအချာမသိသေးပါ။ အရီဇိုးနားပြည်နယ်တက္ကသိုလ်မှ သုတေသီ လောရင့် ဒေးဗစ် ကူရှေး (Lawrence David Kushe) သည် သုတေသနပြုလုပ်ပြီးနောက် The Bermuda Triangle Mystery: Solved (1975) စာအုပ်ကို ရေးသားခဲ့ပြီး မှတ်ချက်ချလိုက်သည်

ပိုးစုန်းကြူ

Image
 "ပိုးစုန်းကြူး" ပိုးစုန်းကြူးတွေကို ငယ်ငယ်ကခဏခဏတွေ့ဖြစ်တယ်။ ဒီနောက်ပိုင်း သဘာဝပတ်ဝန်းကျင် အခြေအနေကလည်းဆိုးလာပြီး သစ်တောတွေလည်းပြုန်းတီးလာလို ပိုးစုန်းကြူးတွေကို မတွေ့ဖြစ်တော့ဘူးထင်ပါတယ်။ ပိုးစုန်းကြူးတွေကို လှလိုဆိုပြီးသဘောကျလို လိုက်ဖမ်းခဲ့ဖူးတယ်။ ပြီးရင်ဘူးလေးထဲထည့်ပြီးသိမ်းထားခဲ့ဖူးတယ်။ ဒါပေမယ့် အသက်ကြီးလာတော့ ပြန်တွေးကြည့်တဲ့အခါ ဒီလိုလှပတဲ့သတ္တဝါလေးတွေကိုချစ်တယ်ချစ်တယ်သာ ပြောပြောနေခဲ့တာ သူတိုအကြောင်းလည်း မသိပါလားဆိုပြီးတော့ပေါ့။ ပိုးစုန်းကြူးတွေကို Fireflies လို အင်္ဂလိပ်လိုခေါ်တာသိပေမယ့် “Lightning Bugs”လိုလည်းခေါ်ကြတယ်ဆိုတာ သိလား။ သူတိုက Lampyridae ဆိုတဲ့ ပိုးတောင်မာမိသားစုဝင်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၁ ထောင့် ၉ ရာရှိတယ်။ ပိုးစုန်းကြူးတွေက အသက်ငယ်သေးတဲ့အချိန်တွေမှာ ဝတ်ရည်တွေ ၊ ဝတ်မှုန်တွေကို စားသုံးပြီးတော့ အသက်ရှင်ကြပေမယ့် အသက်ကြီးလာရင်တော့ အစာမစားဘဲနဲ့ ရှင်သန်နိုင်တဲ့သတ္တဝါလေးတွေပါ။ ပိုးစုန်းကြူးတွေက ကိုက်လည်းမကိုက်တတ်သလို သူတိုကိုယ်မှာခြင်တွေလို ကိုယ်ထဲကိုထိုးစိုက်မယ့် နှုတ်ချွန်တွေမပါဘူး။ ပိုးစုန်းကြူးတွေက အန္တရာယ်ကင်းတဲ့သတ္တဝါတွေဖြစ်တယ်။ ဘ