Posts

အညာနဲ့ထန်း

Image
“အညာနဲ့ထန်း” *** မိုးတိမ်ယံကာကွယ် 🎵ယာပြင်လယ်လမ်းမှာလ 🎵 ထန်းပင် ထန်းရွက် ထန်းလက်တွေက အသွယ်သွယ် 🎵 မကြည်အောင်တို့ရွာ ရိုးရွာဇာတိနွယ် 🎵 လမ်းအစဉ် လမ်းအဆက် လမ်းမျက်စိတောင် လည်ပါတယ်မောင်ရယ် 🎵အစ်ကိုရဲ့ ကြိုလှည့် ညိုနွဲ့ဆံကေသွယ် 🎵  ကျွန်မဇာတိဖြစ်တဲ့ အညာဒေသကို ပြန်တဲ့အခါတိုင်း အညာမြေကိုနင်းလိုက်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာတလျှောက်မှာ ထန်းတောကြီးတွေတမျော်တခေါ်ကို စမြင်ရတော့တာပဲ။ ထန်းတောတွေကို မြင်တိုင်း နန်းတော်ရှေ့ဆရာတင် ရေးထားပြီး မကြည်အောင် ဆိုထားတဲ့ “ဇာတိနွယ်” သီချင်းလေးက ရင်ထဲကို ရောက်လာတော့တာပဲ။ “ထန်းပင် ထန်းရွက် ထန်းလက် ထန်းတွေက အသွယ်သွယ်” ဆိုတဲ့ သီချင်းစာသားနေရာရောက်ရင် နှုတ်ကညည်းမိသေးတာ။ ငယ်ဘဝထန်းတောအာက်မှာ ပြေးလွှားဆာ့ကစားဘူးခဲ့တာ သတိရလို့။  အညာဆိုတာနဲ့ ပူပြင်းခြောက်သွေ့မှုနဲ့အတူ တမျှော်တခေါ်ထန်းတောကြီးတွေကို တွဲဖက်မြင်ယောင်မိကြမှာပါ။ ထန်းနဲ့အညာဆိုတာ ခွဲခြားလို့မရတဲ့ အမှတ်အသားတခုပါပဲ။ ထန်းပင်ကို အညာဒေသရဲ့ ပဒေသာပင်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့် ပဒေသာပင်လို့ တင်စားရသလဲဆိုရင် ထန်းပင်ကိုအားကိုးပြီး ထန်းတောင်သူသမားတွေဟာ စားဝတ်နေရေးအတွက် ထန်းပင်ကို လုံးဝမှီခို

ဒူးရင်းသီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးအမြတ်များ

Image
ဒူးရင်းသီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးအမြတ်များ ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အစာစားချင်စိတ် တိုးစေနိုင်ပါတယ်။ လေပွတာ၊ ရင်ပူတာ၊ လေခံတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ organosulfur ဆိုတဲ့ အင်ဇိုင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က သွေးတွင်းမှာ မကောင်းတဲ့ ကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆီးချို အပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိနေရင်တော့ ဒူးရင်းသီး အလွန်အကျွံ မစားသင့်ပါဘူး။ ဒူးရင်းသီးနဲ့ ပတ်သက်ပြီး ရှောင်ရန်ဆောင်ရန်များ ရှိပေမယ့် မည်သည့်အစားစာမဆို တန်ဆေးလွန်ဘေးဆိုတာ သတိပြုဆင်ခြင်ရင် လုံလောက်ပါသည် အခဲခံ အအေးခံပီးသော ဒူးရင်းသီးစားသုံးခြင်းဖြင့်ဘ

ဒူရင်းသီး ကုန်ချောလုပ်ငန်း

Image
#ဒူရင်းသီး ကုန်ချောလုပ်ငန်း မြန်မာပြည်သည် ထိုင်းနိုင်ငံထက် ဒူးရင်းသီးပေါများစွာ ထွက်ရှိသည့်အတွက် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ပါက နိုင်ငံနှင့် ဒေသခံများအတွက် အကျိုးအမြတ်များစွာ ရရှိနိင်သည်။ အလုပ်အကိုင်ရှားပါးမှုကိုလည်း လျှော့ချနိုင်မည်။ ထိုင်းနိုင်ငံထွက် ဒူးရင်းသီးမှာ အသားထူ၍ မြန်မာ့ဒူရင်းသီးမှာ အစေ့ကြီးသည်။ အရသာမှာ မြန်မာဒူးရင်းသီးက ပို၍လေးနက်သည်။ မျိုးစပ်စိုက်ပျိုးခြင်း၊ ကိုင်းဆက်မျိုးပွားခြင်း နည်းပညာများဖြင့် ထိုင်းမြန်မာ မျိုးစပ်သီးများ ထွက်ရှိအောင် ကြိုးပမ်းသင့်သည်။ ဒူးရင်းသီးသည် အနံ့အရသာနှင့် ပြီးပြည့်စုံ၍အသီးတို့ ဘုရင်ဟု တင်စားခေါ်ကြသည်။ အနံံမခံနိုင်သူများအတွက်မူ ကုန်ချောပြုပြင် ထုတ်လုပ်ပီးမှ စားသောက်လျှင် အနံ့ကိစ္စ ပြဿနာမရှိနိုင်ပါ။ ဒူးရင်းသီးစားလျှင် ခန္ဓာကိုယ် အပူချိန်မြင့်တက်၍ မခံသာသော အခြေအနေအတွက် ဒူးရင်းသီးကိုအခွံခွာ အသားမြွာကို ရေခဲသေတ္တာတွင် အအေးခံသိမ်းဆည်းပီးမှ စားလျှင် အပူချိန်မြှင့်တက်ခြင်း မရှိတော့ပဲ အရသာမှာ ပို၍ထူးကဲလှသည်။ အခဲခံခြင်း၊ အခြောက်ခံခြင်းများဖြင့် တာရှည်ထိန်းသိမ်းနိုင်ပီး အနံအရသာ ပိုမိုကောင်းမွန်စေပီးနိုင်ငံခြားစျေးကွက်သို့ ထုပ်ပို

မြန်မာ့ သနပ်ခါး

Image
မြန်မာ့ သနပ်ခါး  **** သနပ်ခါးကို လွန်ခဲ့သော နှစ်ပေါင်များစွာကတည်းက အမျိုးသမီးများက လိမ်းခြယ်ခဲ့ကြပါတယ်။ ယခု၂၁ ရာစုမှာတော့ ကမ္ဘာအဝှမ်းကပင် မြတ်နိုးစွာ အသုံးပြုနေကြပါပြီ။ သနပ်ခါးပင်များကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယ၊ ထိုင်း၊ ပါကစ္စတန်နိုင်ငံတို့တွင်ပါ တွေ့ရှိတယ်လို့ သိရသော်လည်း မြန်မာနိုင်ငံမှ ထွက်ရှိသော မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံး ဖြစ်ပါတယ်။ အရင်က သနပ်ခါးပင်များကို မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့တွင် အဓိက စိုက်ပျိုးတာကို တွေ့ရသော်လည်း ယခုအခါ ကျန်ပြည်နယ်တိုင်းများတွင်ပါ စီးပွားဖြစ် စိုက်ပျိုးလာကြပါတယ်။ သနပ်ခါးပင်တစ်ပင်ကို အနည်းဆုံး ၆နှစ်ကြာမှ ခုတ်လှဲပြီး အသုံးပြုလို့ရပါတယ်။  စစ်ကိုင်းတိုင်း ရွှေဘိုနယ်တစ်ဝိုက်မှထွက်သော သနပ်ခါးသည် ဝင်းဝါစိုပြေ၍ ရွှေဘိုသနပ်ခါးဟုအမည်တွင်ကာ နာမည်ကျော် လူကြိုက်များသလို မကွေးတိုင်း မြိုင်နယ် ရှင်မတောင်အနီးမှ ထွက်သော ရှင်မတောင် သနပ်ခါးကိုလည်း ပို၍လူကြိုက်များကြပါသည်။ ထို့အပြင် ယောနယ်မှလာသော ယောသနပ်ခါးသည်လည်း ဝါဝါဝင်းဝင်းလေးနှင့် နူးညံ့သည်။ ယောသနပ်ခါးသည် အများအားဖြင့် အခေါက်များဖြစ် အသု

*မြန်မာပြည် ရောက်လျှင် စားသောက်သင့်သော အစားအစာများ *

Image
*မြန်မာပြည် ရောက်လျှင်  စားသောက်သင့်သော အစားအစာများ * ဒေသတစ်ခုကိုအလည်အပတ်ခရီးသွားရပြီး ထိုဒေသရဲ့အစားအစားကိုတွေကိုမမြည်းစမ်းဘဲ ပြန်လာခဲ့ရတယ်ဆိုရင် အဲ့ဒီခရီးဟာမပြည့်စုံနိုင်ပါဘူး။ ဒါကြောင့်မြန်မာပြည်ကို အလည်လာတော့မယ်ဆိုရင်ဖြင့် ပြည့်စုံတဲ့ခရီးစဉ်လေးဖြစ်စေဖို့ မြန်မာတို့ရဲ့ရိုးရာအစားအသောက်လေးတွေကိုဖော်ပြပေးလိုက်ရပါတယ်။ မုန့်ဟင်းခါး မြန်မာတို့ရဲ့အစားအစာတွေထဲမှာဆိုရင် မြည်းစမ်းကြည့်ဖို့ ပထမဆုံး အကြံပေးချင်တာကတော့ မုန့်ဟင်းခါးပဲဖြစ်ပါတယ်။ မုန့်ဟင်းခါးဟာ ငါးဖြင့်အဓိကချက်လုပ်သော ဟင်းခါးရည်နှင့် အချဉ်ဖောက်ထားတဲ့ ဆန်ခေါက်ဆွဲဖတ်(မုန့်ဖတ်)နဲ့တွဲဖက်စားသုံးရတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။ထိုဟင်းရည်နဲ့ မုန့်ဖတ်အပေါ်မှာမှ နှစ်သက်ရာဘဲဥပြုတ်၊ ငါးဖယ်ကြော်၊ ပဲကြော်၊ နံနံပင် စသဖြင့် ထည့်ပြီး သံပုရာသီးလေးညှစ် ငရုတ်သီးမှုန့်လေးများလည်းထည့်ကာ စားသုံးနိုင်ပါတယ်။ မြန်မာပြည်ရဲ့ဒေသအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ချက်လုပ်စားသောက်ကြတဲ့အတွက်ကြောင့် အရသာ၊ အပြင်အဆင်နှင့် အခေါ်အဝေါ်မှာလည်းကွဲပြားမှုရှိကြပါတယ်။ မုန့်ဟင်းခါးမှာ အာဟာရပြည့်ဝစွာပါဝင်ကာ ရိုးရှင်းစွာချက်ပြုတ်နိုင်သည့်အပြင် စရိတ်စကပါသက်သာသောက

သီတင်းကျွတ် ပွဲတော်

Image
ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များတွင် သီတင်းကျွတ်လပြည့်နေသည်လည်း နေ့ထူးနေ့မြတ် တစ်ရက် အပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် နတ်ပြည်တွင် ဝါတွင်း(၃)လ ပါတ်လုံး အဘိဓမ္မာ ခုနစ်ကျမ်း တရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် မြတ်စွာဘုရားရှင်မှာ မိမိကိုယ်ပွား (နမိတ္တဘုရား) အားနတ်ပြည်တွင် ခေတ္တထားစေပြီးဘုရားရှင်အစစ်အမှန် (ပကတိဘုရား) မှာလူ့ပြည်သို့ ကြွရောက် ဆင်းသက်ကာ အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာအား ဟောကြားကာ လမ်းပြသင်ကြားပြပေးတော်မူခဲ့သည်။ အရှင်သာရိပုတ္တရာမှာ ရဟန်း (၅၀၀)တို့အား ထိုတရားတော်ကိုအလယ်အလတ် ဟောကြားတော်မူခဲ့သည်။ ထို့သို့ဟောကြားကာပြီးဆုံးသောနေ့သည်  မြတ်စွာဘုရားရှင်နတ်ပြည်တွင် ဝါတွင်း(၃)လတာ ဟောကြားကာပြီးဆုံးသော နေ့နှင့် တစ်ရက်ထဲ ထပ်တူကျသောကြောင့် ထိုနေ့ကို အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း သတ်မှတ်ခေါ်တွင်စေသည်။ မြတ်စွာဘုရားရှင်သည် နတ်ပြည်တွင် ဝါတွင်းကာလ ဟောကြားပြီးသောအခါ လူ့ပြည်သို့ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကာ အပူဇော်ခံ ကြွရောက်လာသောကြောင့် ရဟန်းပြည်သူလူအများက ဆီမီး၊ အမွှေးနံ့သာများ စုံလက်စွာဖြင့် ကြိုဆိုသောကြောင့်  ယခုလိုသီတင်း

နိုင်အာဂရာ ရေတံခွန်

Image
နိုင်အာဂရာ ရေတံခွန် ကြည်လင်အေးမြသော ရေ ၊ ရှုမျှော်မဆုံးအောင်လှပသော လျှိုမြောင်ကျောက်ကမ်းပါးများနှင့် စိမ်းလန်း‌စိုပြည်နေသော သစ်ပင်ပန်းပင်တို့ကြောင့် ကမ္ဘာပေါ်တွင် အလှပဆုံးသော သဘာဝရှူခင်းတရပ်ဖြစ်သည့် နိုင်အာဂရာရေတံခွန်သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ကိုပိုင်ခြား သတ်မှတ်ထားသော နိုင်အာဂရာမြစ်ထဲတွင် ရှိလေသည်။ နိုင်အာဂရာမြစ်သည် အီရီအိုင်ကြီး၏ ထွက်ပေါက်တစ်ခုဖြစ်၍ ထို့အိုင်ကြီးမှ ၃၆မိုင်ခန့် ကွာဝေးသော အွန်တေးရီးယိုးအိုင်ထဲသို့ စီးဝင်သွားသည်။ စစ်စစ်ယင်းသည် ရေပြင်ကြီးနှစ်ခု ဆက်သွားထားသောကြောင့် ရေလက်ကြားတစ်ခုဟုဆိုနိုင်လေသည်။         နိုင်အာဂရာမြစ် စတင်စီးဆင်းရာ အီရီအိုင်သည် စီးဝင်ရာအွန်တေးရီးယိုးအိုင်ထက်၃၂၆ပေပိုမြင့်သည်။ ယင်းသည်အီရီအိုင်မှ အစပြု၍ မြောက်ဖက်သို့အစဉ်အတိုင်း စီးဆင်းလာရာ ၆မိုင်ကျယ်သည့် ဂရင်းကျွန်းကြောင့် မြစ်ကြောင်းသည် နှစ်ဖြာကွဲကာ ပြန်လည်ပေါင်းဆုံပြီနောက် ၊ ရေတိမ်ချောင်းကြီးတစ်ခုအဖြစ် ဆက်လက်စီးဝင်သွားသည်။ ထိုမှအောက်ဖက် ၄ မိုင်အကွာတွင် ၊ ထုံးကျောက်ကမ်းပါးပြတ်ကြီးမှ အောက်သို့ထိုးကျသွားရာ ၊ ဆိတ်‌ကျွန်းကြောင့် ရေကြောင်းနှစ်ဖြာကွဲလျက် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စ