သီတင်းကျွတ် ပွဲတော်

ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များတွင် သီတင်းကျွတ်လပြည့်နေသည်လည်း နေ့ထူးနေ့မြတ် တစ်ရက် အပါအဝင်ဖြစ်သည်။ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်သည် နတ်ပြည်တွင် ဝါတွင်း(၃)လ ပါတ်လုံး အဘိဓမ္မာ ခုနစ်ကျမ်း တရားတော်ကို ဟောကြားတော်မူခဲ့သည်။ ထို့နောက် မြတ်စွာဘုရားရှင်မှာ မိမိကိုယ်ပွား (နမိတ္တဘုရား) အားနတ်ပြည်တွင် ခေတ္တထားစေပြီးဘုရားရှင်အစစ်အမှန် (ပကတိဘုရား) မှာလူ့ပြည်သို့ ကြွရောက် ဆင်းသက်ကာ အဘိဓမ္မာတရားတော်ကို အရှင်သာရိပုတ္တရာအား ဟောကြားကာ လမ်းပြသင်ကြားပြပေးတော်မူခဲ့သည်။ အရှင်သာရိပုတ္တရာမှာ ရဟန်း (၅၀၀)တို့အား ထိုတရားတော်ကိုအလယ်အလတ် ဟောကြားတော်မူခဲ့သည်။ ထို့သို့ဟောကြားကာပြီးဆုံးသောနေ့သည်  မြတ်စွာဘုရားရှင်နတ်ပြည်တွင် ဝါတွင်း(၃)လတာ ဟောကြားကာပြီးဆုံးသော နေ့နှင့် တစ်ရက်ထဲ ထပ်တူကျသောကြောင့် ထိုနေ့ကို အဘိဓမ္မာအခါတော်နေ့ဟူ၍လည်း သတ်မှတ်ခေါ်တွင်စေသည်။


မြတ်စွာဘုရားရှင်သည် နတ်ပြည်တွင် ဝါတွင်းကာလ ဟောကြားပြီးသောအခါ လူ့ပြည်သို့ပတ္တမြားစောင်းတန်းဖြင့် ဆင်းသက်ကာ အပူဇော်ခံ ကြွရောက်လာသောကြောင့် ရဟန်းပြည်သူလူအများက ဆီမီး၊ အမွှေးနံ့သာများ စုံလက်စွာဖြင့် ကြိုဆိုသောကြောင့်  ယခုလိုသီတင်းကျွတ်လပြည့်တွင်လဲ ပြည်သူပြည်သား မြန်မာလူမျိုးများသည် မိမိတို့နေအိမ်တွင် ဆီမီးအလှများထွန်းကာ မြတ်စွာဘုရားရှင်နှင့် နတ်သိကြားတို့ကို ကြိုဆို ကြခြင်းဖြစ်သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ မြတ်စွာဘုရားရှင် နတ်ပြည်မှ ဆင်းသက်လာစဉ် ယူဇနာ ပေါင်းများစွာ ဝေးကွာသော နေရာမှပင် ဘုရားရှင်၏ တင့်တယ်လှသော အသရေတော်ကို ဖူးမြှော်ခွင့်ရကြပြီး ပရိသတ်များစွာက  ဆုတောင်းတွေကြသောကြောင့် ထိုနေ့ကို ဘုရားဆုပန်နေ့ဟုလည်း ခေါ်တွင်ကြသည်။

အတုမရှိသော မြတ်စွာဘုရားရှင်သည် လူ့ပြည်သို့မဆင်းမီ နတ်ပြည်၌  တန်ခိုးပြာဋိဟာပြတော်မူသည်။ မြတ်စွာဘုရားရှင်၏ တန်ခိုးတော်မှာ စကြာဝဠာတစ်ခုလုံးသည် ဟင်းလင်းပြင်ဖြစ်သွားကာ ရှင်၊ လူနတ်ဗြဟ္မာ ၊ငရဲသား၊ အားလုံးတို့သည် တစ်ဦးကိုတစ်ဦးထူးခြား ထင်ရှားစွာ တွေ့ မြင်ရလေသည်။ 

ထို့နောက် အဘိဓမ္မာ တရားတော်သည် မိခင်ကျေးဇူးအားဆပ်ခြင်းတရားတော်ဖြစ်သည့် အားလျော်စွာ ယင်းနေ့တွင် မြန်မာလူမျိုးတို့သည် ကြီးသူကိုယ်ရိုသေငယ်သူကိုလေးစားခြင်း ထိုစကားတော်နှင့်အညီ မေမေနှင့်ဖေဖေ (မိဘ) မှစ၍ အရွယ်အားဖြင့်  ကြီးမြတ်ကာ လေးစားအားထားရသောအနန္တဂိုဏ်းဝင် ရဟန်းသံဃာများ၊ ဆရာဆရာများ၊ ခင်ပွန်းကြီးဆယ်ပါး၊ ညီအကိုမောင်နှမများနှင့် ဆွေမျိုးသားချင်းများကို ရိုသေလေးစားစွာ ကန်တော့ကြပြီး တစ်နှစ်တာအတွင်း ကာယကံ၊ ဝစီကံနှင့် မနောကံ စသဖြင့်ကန်(၃)ပါးတို့ဖြင့် စော်ကားပြောဆိုမိခြင်းရှိခဲ့လျှင် တောင်းပန်အပ်ပါသည်ဟုဆိုကာ လက်ဆောင်ပစ္စည်းများနှင့်အတူ ဝန်ချတောင်းပန်ကာ ဂါဝရပြု ကြသည်မှာ ကျွန်တော်တို့မြန်မာလူမျိုးအားလုံးတို့၏ ရှေးမူမပျက် ရိုးရာအစဉ်အလာတစ်ခု ဖြစ်သည်မှာယနေ့ထိတိုင်ပင်ဖြစ်သည်။ 

သီတင်းကျွတ်လပြည့်နေ့သည် မြန်မာလူမျိုးတို့၏ ဝါတွင်းကာလစောင့်ထိန်းခဲ့သော ဥပုဒ်သီလ ကုသိုလ်တော်များ ပြီးဆုံးသောနေ့ ကို ဝါကျွတ်ခြင်း(ခေါ်)ဝါထွက်ခြင်း လို့ မှတ်ယူလို့ရသည်။ ထို့ပြင်ရဟန်းသံဃာတော်များအတွက်ပါ လွတ်လပ်စွာသွားလာ သီတင်းသုံးနေထိုင်နိုင်သောကာလတစ်ခုဖြစ်သည်။ ထိုသို့ ဝါကျွတ်ပြီး သီတင်းကျွတ်ကာလတွင် မိဘတို့၏ ဝတ္တရားကျေပွန်စွာ သားပျို၊ သမီးပျိုလေးများကို အိမ်ထောင်ရက်သားချပေးကာ ချစ်ခြင်းဖွဲ့  မင်္ဂလာအခမ်းအနားကို ပျော်ရွှင်ချမ်းမြေ့စွာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးကြသည်။

ထို့နောက် ရပ်ကွက် လမ်းများတွင် ပျော်ရွှင်ဖွယ်ရာ မီးပုံးလွှတ်တင်ခြင်း၊ ဆီမီးအလှများထွန်းခြင်း၊ နိဗ္ဗာန်ဈေးပွဲတော်များကျင်းပကာ ကလေးလူကြီးမရွေး ပျော်ရွှင်ဖွယ်ရာကာလကို အတူတကွစည်းစည်းလုံးလုံး ဖန်တီးကာ ဖြတ်သန်းလေ့ရှိကြသည်။ထိူ့အပြင် မြန်မာလူမျိုးတို့၏ အလှူရေစက်လက်နှင့်မကွာဆိုသကဲ့သို့  သဒ္ဒါတရားထက်သန်စွာ ဖြင့် စတုဒီသာ အလှူများလည်း အလွန် ပေါကြွယ်ဝကာလဖြစ်သည်။
 
သီတင်းကျွတ်လပြည့်နေ့ ဆိုသည်မှာ မြန်မာလူမျိုးများသာမက အရှေ့တောင်အာရှ (Asian ) နိုင်ငံအချို့အတွက်ပါ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သည့်အားလျော်စွာ မြန်မာရိုးရာ နည်းတူ ပွဲတော်များကျင်းပလေ့ရှိကြသည်မှာ ယနေ့ထိတိုင်ပင်ဖြစ်သည်။
 

စာဖတ်သူတို့လည်း ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့(ခေါ်) အဘိစမ္မာ အခါတော်နေ့ မှစတင်ကာ စိတ်ချမ်းသာကိုယ်ကျန်းမာဖြင့် ပျော်ရွှင်အေးချမ်းဘေးကင်းကြသော မိသားစုဘဝလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေ လို့ ကျွန်တော်တို့ C4T မှအထူးပင်မေတ္တာ ဂရုဏာသက်စွာ ဆုတောင်းမင်္ဂလာပြုအပ်လိုက်ပါသည်ဗျာ။🙏🙏🙏

‼️အချို့လေ့လာမှုများကို မှီငြမ်းရေးသားထားရသောကြောင့်အမှားများပါလျှင်ခွင့်လွှတ်ပေးပါဗျ🙏

#Content by N2

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)