ဒူရင်းသီး ကုန်ချောလုပ်ငန်း


#ဒူရင်းသီး ကုန်ချောလုပ်ငန်း

မြန်မာပြည်သည် ထိုင်းနိုင်ငံထက် ဒူးရင်းသီးပေါများစွာ ထွက်ရှိသည့်အတွက် ကုန်ချောထုတ်လုပ်တင်ပို့နိုင်ပါက နိုင်ငံနှင့် ဒေသခံများအတွက် အကျိုးအမြတ်များစွာ ရရှိနိင်သည်။ အလုပ်အကိုင်ရှားပါးမှုကိုလည်း လျှော့ချနိုင်မည်။ ထိုင်းနိုင်ငံထွက် ဒူးရင်းသီးမှာ အသားထူ၍ မြန်မာ့ဒူရင်းသီးမှာ အစေ့ကြီးသည်။ အရသာမှာ မြန်မာဒူးရင်းသီးက ပို၍လေးနက်သည်။ မျိုးစပ်စိုက်ပျိုးခြင်း၊ ကိုင်းဆက်မျိုးပွားခြင်း နည်းပညာများဖြင့် ထိုင်းမြန်မာ မျိုးစပ်သီးများ ထွက်ရှိအောင် ကြိုးပမ်းသင့်သည်။
ဒူးရင်းသီးသည် အနံ့အရသာနှင့် ပြီးပြည့်စုံ၍အသီးတို့ ဘုရင်ဟု တင်စားခေါ်ကြသည်။

အနံံမခံနိုင်သူများအတွက်မူ ကုန်ချောပြုပြင် ထုတ်လုပ်ပီးမှ စားသောက်လျှင် အနံ့ကိစ္စ ပြဿနာမရှိနိုင်ပါ။ ဒူးရင်းသီးစားလျှင် ခန္ဓာကိုယ် အပူချိန်မြင့်တက်၍ မခံသာသော အခြေအနေအတွက် ဒူးရင်းသီးကိုအခွံခွာ အသားမြွာကို ရေခဲသေတ္တာတွင် အအေးခံသိမ်းဆည်းပီးမှ စားလျှင် အပူချိန်မြှင့်တက်ခြင်း မရှိတော့ပဲ အရသာမှာ ပို၍ထူးကဲလှသည်။

အခဲခံခြင်း၊ အခြောက်ခံခြင်းများဖြင့် တာရှည်ထိန်းသိမ်းနိုင်ပီး အနံအရသာ ပိုမိုကောင်းမွန်စေပီးနိုင်ငံခြားစျေးကွက်သို့ ထုပ်ပိုးတင်ပို့နိုင်သည်။
အကောင်းဆုံးအဆင့် အသီးအပင်မှည့်များကိုအအေးခန်းတွင် ထည့်အခဲခံပြီး အလုံးလိုက်ပါကင်သွပ် တင်ပို့ရောင်းချနိုင်ခြင်း၊ ကျန်အသီးများကိုမူအခွံခွာ၍ အသားမြွာထုတ်ပီး အအေးခန်းတွင်စနစ်တကျအခဲခံခြင်း၊ ခဲပြီးသား အသားမြွာများကိုအစေ့ထုတ် ထက်ခြမ်းခွဲပြီး တစ်လက်မပတ်လည်အနေတော်အတုံးလေးများတုံး၍ အအေးခန်းထဲ ပြန်ထည့်ကာ အခဲခံခြင်း၊ ထိုခဲပီးသောအတုံးများကို အခြောက်ခံစက်ဖြင့် ကြွပ်ရွအောင် အခြောက်ခံခြင်း လှပသပ်ရပ်သော ထုပ်ပိုးပစ္သည်းများ အသုံးပြုထုတ်ပိုးခြင်းဖြင့် မလေးရှား၊ တရုတ်၊ စင်္ကာပူနိုင်ငံများသို့ စျေးကွက်ဝင် ရောင်းချနိုင်သည်။

အေးခဲစဥ် အဆင့်ဆင့်တွင်လည်း နောက်ဆုံးအဆင့်မရောကိမီ ကြားအဆင့် ထုတ်ကုန်များကိုလည်း စျေးကွက်ဝင်ရောင်းချနိုင်သည်။ ကုန်ချောထုတ်လုပ်စဥ်အတွင်း အရသာညံ့သောအသားမွှာများ ဘေးထွက်အဖိတ်အစင် အကျိုးအပျက်များကိုလည်း ရောသမမွေ၍ ကြိတ်ညှစ်ပီးအခဲခံထုတ်ပိုး ရောင်းချနိုင်သေးပီး ထုတ်လုပ်မှုမှထွက်လာသောအစေ့ကိုလည်း စျေးကွက်ရအောင် အသုံးချနိုင်သေးသည်။
အစောပိုင်းထုတ်လုပ်မှု အဆင့်ဆင့်က လွယိကူရိုးရှင်းသော်လည်း နောက်ဆုံးအဆင့် ကုန်ချောထုတ်လုပ် အခြောက်ခံခြင်းအဆင့်တွင်မူ ထိုင်းနိုင်ငံမှ နည်းပညာရှင်များ ဖိတ်ခေါ်ကာ ရင်းနှီးမြှုပ်နှံသင့်ပေသည်။ နိုင်ငံတော်အတွက် နိင်ငံခြားဝင်ငွေ ရှာဖွေနိုင်သည့်အပြင် အခြေခံလူတန်းစား အလုပ်သမားများအတွက် အထူးအလုပ်အကိုင်အခွင့်အလမ်း ရရှိစေမည့် အကြံပြုချက်ဖြစ်သည်။

ထိုင်းနိုင်ငံ ဒူးရင်းသီးစက်ရုံတွင် လုပ်ကိုင်သောအလုပ်သမားများသည် တခြားသောစက်ရုံများထက် နေ့စားခ ပိုများသည်။ အနိမ့်ဆုံးလုပ်အားခမှာ တစ်နေ့ ၃၅၀ဘတ်မှ အမြင့်ဆုံး ၅၀၀ ဘတ်အထိ ရရှိပီး အိုဗာတိုင်ကြေးနှင့် ဘောနပ်လည်း များစွာရရှိသဖြင့် အလုပ်သမားများ ဝင်ငွေအခွင့်လမ်းအထူးကောင်းမွန်လှသည်။ ကျွမ်းကျင်လုပ်သားများအနေဖြင့် အမြင့်ဆုံး တစ်လလျှင် ၃သောင်းဘတ်အထိ တွက်ချေကိုက်နိုင်သည်။ 

အသီးရာသီတွင် ဝယ်ယူသိုလှောင်ထားပြီး နေ့စဥ်ကုန်ထုတ်လုပ်ငန်း လုပ်ကိုင်နိုင်သည်။ အသီးရာသီ ကုန်ဆုံးသော်လည်း သိုလှောင်ထားသော အသီးများကုန်မှသာလျှင် လုပ်ငန်းခွင်အနားယူနိုင်သည်။ တစ်နှစ်တွင် အများဆုံး နှစ်လခန့် အလုပ်သမားများ အနားရနိုင်သည့် လုပ်ငန်းလည်းဖြစ်၍ ရင်းနှီးမြုပ်နှံသူ လုပ်ငန်းရှင်နှင့် လုပ်သားများအတွက် ရေရှည်အဆင်ပြေပြီး ဝင်ငွေ အထူးကောင်းမွန်သော လုပ်ငန်းဖြစ်သည်။


ယုဇန (မြိတ်)

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)