ပိုးစုန်းကြူ

 "ပိုးစုန်းကြူး"



ပိုးစုန်းကြူးတွေကို ငယ်ငယ်ကခဏခဏတွေ့ဖြစ်တယ်။ ဒီနောက်ပိုင်း သဘာဝပတ်ဝန်းကျင် အခြေအနေကလည်းဆိုးလာပြီး သစ်တောတွေလည်းပြုန်းတီးလာလို ပိုးစုန်းကြူးတွေကို မတွေ့ဖြစ်တော့ဘူးထင်ပါတယ်။ ပိုးစုန်းကြူးတွေကို လှလိုဆိုပြီးသဘောကျလို လိုက်ဖမ်းခဲ့ဖူးတယ်။ ပြီးရင်ဘူးလေးထဲထည့်ပြီးသိမ်းထားခဲ့ဖူးတယ်။ ဒါပေမယ့် အသက်ကြီးလာတော့ ပြန်တွေးကြည့်တဲ့အခါ ဒီလိုလှပတဲ့သတ္တဝါလေးတွေကိုချစ်တယ်ချစ်တယ်သာ ပြောပြောနေခဲ့တာ သူတိုအကြောင်းလည်း မသိပါလားဆိုပြီးတော့ပေါ့။

ပိုးစုန်းကြူးတွေကို Fireflies လို အင်္ဂလိပ်လိုခေါ်တာသိပေမယ့် “Lightning Bugs”လိုလည်းခေါ်ကြတယ်ဆိုတာ သိလား။ သူတိုက Lampyridae ဆိုတဲ့ ပိုးတောင်မာမိသားစုဝင်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ပိုးစုန်းကြူးမျိုးစိတ်ပေါင်း ၁ ထောင့် ၉ ရာရှိတယ်။ ပိုးစုန်းကြူးတွေက အသက်ငယ်သေးတဲ့အချိန်တွေမှာ ဝတ်ရည်တွေ ၊ ဝတ်မှုန်တွေကို စားသုံးပြီးတော့ အသက်ရှင်ကြပေမယ့် အသက်ကြီးလာရင်တော့ အစာမစားဘဲနဲ့ ရှင်သန်နိုင်တဲ့သတ္တဝါလေးတွေပါ။


ပိုးစုန်းကြူးတွေက ကိုက်လည်းမကိုက်တတ်သလို သူတိုကိုယ်မှာခြင်တွေလို ကိုယ်ထဲကိုထိုးစိုက်မယ့် နှုတ်ချွန်တွေမပါဘူး။ ပိုးစုန်းကြူးတွေက အန္တရာယ်ကင်းတဲ့သတ္တဝါတွေဖြစ်တယ်။ ဘယ်လောက်တောင် လူကိုဒုက္ခမပေးဘူးလဲဆိုတော့ ပိုးစုန်းကြူးတွေက ရောဂါပိုးတွေကို မသယ်ဆောင်ပါဘူး။


နောက်ပြီးတော့ ပိုးစုန်းကြူးလေးတွေက မြန်မြန်မပျံနိုင်ကြဘူး။ ဒါကြောင့်မိုလို သူတိုကိုအလွယ်တကူဖမ်းမိနေတာပေါ့။ ယင်ကောင်တို ၊ ပုဇဉ်းတိုဆိုရင် ပြေးတာမြန်လွန်းလို ဖမ်းလိုကိုမမိဘူးလေ။ ဒါပေမယ့် ပိုးစုန်းကြူးလေးတွေရဲ့ အသက်ရှင်နိုင်တဲ့အချိန်ကာလက ၂ လထက်မပိုပါဘူး။ ဒါကြောင့် ငယ်ငယ်တုန်းကသူတိုကိုဖမ်းပြီး ဘူးထဲပိတ်လှောင်မိတာတောင် သနားလာတယ်။ သူတိုတွေက ကမ္ဘာပေါ်မှာမျိုးစိတ်အများကြီးရှိပေမယ့် အန္တာတိကတိုက်မှာတော့ မရှင်သန်နိုင်ပါဘူး။


ပိုးစုန်းကြူးလေးတွေရဲ့ကိုယ်ကထွက်တဲ့အလင်းရောင်က လေပြွန်တွေအများကြီးရှိတဲ့ထူးခြားတဲ့ဆဲလ်တွေထဲကနေ အာရုံကြောထိန်းချုပ်စနစ်က ထုတ်ပေးတာဖြစ်တယ်။ ပိုးစုန်းကြူးအမလေးတွေက ဒီအလင်းရောင်ကိုသုံးပြီးတော့ ပိုးစုန်းကြူးအထီးတွေကို အထာပေးဆွဲဆောင်ကြတာပါ။ ပြောရရင် အပျိုလှည့်တယ်ပေါ့နော်။ ပိုးစုန်းကြူးမလေးတွေက အလင်းရောင်ကိုတဖျက်ဖျက်လင်းပြပြီးတော့ ဆွဲဆောင်တာပါ။ ဒါတောင် သူတိုကြိုက်တဲ့အလင်းအရောင်ပုံစံရှိတဲ့ ပိုးစုန်းကြူးထီးတွေကိုမှရွေးပြီးတော့ တဖျက်ဖျက်လက်ပြတာနော်။ အဲဒီလိုတဖျက်ဖျက်နဲ့အထာပေးဖိုကို မြက်တွေရဲ့ထိပ်မှာနားပြီးတော့ သူတိုလိုချင်တဲ့အထီးကိုချိန်ပြီးမှ မီးရောင်လက်ပြတာပါ။

ဒါပေမယ့် ကြင်ဖော်ရှာဖိုပဲမီးရောင်လက်ပြတယ်လို ထင်လိုက်ပြန်ရင်လည်း မှားသွားမယ်နော်။ ဒီအလင်းရောင်လက်ပြတာက သူတိုကိုလိုက်နေတဲ့သားရဲတွေကို သတိပေးတဲ့အရာလည်းဖြစ်တယ်။ ဒါကိုဖားတွေက မသိတော့ပိတ်ပြီးတော့ စားလိုက်တာပဲ။ သူတိုမီးလင်းရောင်လက်ပြတဲ့ပုံစံတွေကလည်း အမျိုးမျိုးရှိတယ်။ ဆက်တိုက်ကြီးလင်းနေရာကနေ တစ်ချက်ချင်းစီလင်းတာမျိုးပြောင်းသွားသလိုပေါ့။


ကမ္ဘာပေါ်မှာအလင်းရောင်ကို အပူလှိင်းတွေ ဓာတ်အားတွေမထုတ်လွှတ်ဘဲ ထုတ်ပေးနိုင်တဲ့သတ္တဝါက ပိုးစုန်းကြူးတစ်မျိုးပဲရှိပါတယ်။ ဘယ်လိုလဲစိတ်ဝင်စားဖိုကောင်းတယ်မလား။

:akhayar (Credit)

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)