မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း


မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက 
ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း 
( The Lake of No Return )
_______

ဖြစ်စဉ် (၁)

ဒုတိယကမ္ဘာစစ်အတွင်းက အင်္ဂလိပ် မဟာမိတ်တပ်တွေဟာ စစ်ရှုံးပြီးထွက်ပြေးတဲ့ ဂျပန်တပ်တွေကို လေကြောင်းတိုက်ပွဲတွေ လိုက်လံဆင်နွှဲခဲ့ပါတယ် ။အဲဒီစစ်လေယာဉ်အမြောက်အများဟာ နောင်ယန်းအင်းကို ဖြတ်ပြီးပျံသန်းချိန်မှာ ထူးဆန်းစွာပျောက်
ဆုံးသွားကြပါတယ် ။အင်းထဲပျက်ကျတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြီး စုံစမ်းရှာဖွေဖို့ တပ်ရင်းတစ်ခုကို ထပ်မံစေလွှတ်လိုက်ပေမယ့် ၊ အဲဒီစေလွှတ်ခံရတဲ့ တပ်ရင်းတစ်ရင်းလုံးပါ ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့ပါတော့တယ် ။ဒါကတော့ အိန္ဒိယမြန်မာနယ်စပ် ၊ ပန်ဆောင်မြို့အနီးက နောင်ယန်းအင်းလို့ခေါ်တဲ့အင်းတစ်ခုကို ပြန်လမ်းမဲ့အင်း ( The Lake Of No Return ) လို့ နာမည်စတွင်စေခဲ့တဲ့ အကြောင်းရင်းများစွာတွေထဲက တစ်ခုပဲဖြစ်ပါတော့တယ်။


ဖြစ်စဉ် (၂) 

စစ်ရှုံးပြီး မြန်မာနိုင်ငံကနေ ပြန်လည်ဆုတ်ခွာသွားတဲ့ ဂျပန်စစ်တပ် တပ်ခွဲတစ်ခွဲဟာ နောင်ယန်းအင်းအနီးမှာ ညအိပ် စခန်းချ ရပ်နားစဉ်မှာပဲ ထူးဆန်းစွာ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။ဂျပန်စစ်တပ်အကြီးအကဲတွေကတော့ ခရီးပန်းတဲ့ဒဏ်၊ ရာသီဥတု ဒဏ်နဲ့ငှက်ဖျား
ရောဂါကြောင့် သေဆုံးကုန်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပေမယ့် ဒါဟာလည်း တိကျသေချာတဲ့အဖြေတစ်ခုတော့ မဟုတ်ခဲ့ပြန်ပါဘူး ။

ဖြစ်စဉ် (၃)

ကမ္ဘာကျော် လီဒိုလမ်းမကြီး၊ ဖောက်လုပ်ရာမှာ အလုပ်လုပ်နေတဲ့ အမေရိကန်စစ်သား အဖွဲ့တစ်ဖွဲ့ဟာ နောင်ယန်းအင်း အနီးမှာ ထူးဆန်းစွာနဲ့ ထပ်မံပျောက်ဆုံးခဲ့ပြန်ပါတယ် ။ထူထပ်တဲ့ ခြုံနွယ်တွေကြောင့် လမ်းပျောက်သွားတာ ဖြစ်မယ်လို့ သုံးသပ်ခဲ့ကြပေမယ့် ၊ ဒီအဖြစ်အပျက်ဟာ နောင်ယန်းအင်းကို ထပ်မံပြီး ပဟေဠိဆန်စေခဲ့ပါတယ် ။


ဖြစ်စဉ် (၄)

၁၉၄၂ ခုနှစ်မှာ အင်္ဂလိပ်စစ်တပ်တစ်တပ်ဟာလည်း နောင်ယန်းအင်းအနီးမှာ ပျောက်ဆုံးသွားပြန်ပါတယ်။ သဲရှင် (Quicksand) ထဲမှာ သဲကျွံပြီး ပျောက်ဆုံးသွားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ခဲ့ကြပါတယ် ။အဖြေကိုတော့နောင်ယန်းအင်းကလွဲပြီး ဘယ်သူမှ သိနိုင်မယ် မထင်ပါဘူး ။

ဖြစ်စဉ် (၅)

Ten lost Tribes of Israel (အစ္စရေးက ပျောက်ဆုံးသွားတဲ့ မျိုးနွယ်စု ၁၀စု)ဆိုတဲ့ စာအုပ်ရေးခဲ့သူ စာရေးဆရာ တစ်ဦးဟာလဲ ဒီရေကန်အနီးမှာပဲ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ် ။အကြောင်းရင်းကိုတော့ ထုံးစံအတိုင်း တိတိပပ အဖြေရှာ မရခဲ့ပြန်ပါဘူး ။

ဒီလို ပြန်လမ်းမဲ့အင်း ( The Lake Of No Return ) ဆိုပြီး နာမည်ကြီးလှတဲ့ နောင်ယန်းအင်းမှာ ဆွတ်ပျံ့လှိုက်မောဖွယ်ရာ အချစ်ဇာတ်လမ်းလေးတစ်ခုလည်း ရှိနေခဲ့ပြန်ပါတယ် ။

လီဒိုလမ်းမကြီးဖောက်လုပ်စဉ်က ပါဝင်ခဲ့တဲ့ Herman Perry ဟာ တန်ရှန်းနာဂမျိုးနွယ်စုဝင် အမျိုးသမီးတစ်ဦးနဲ့ မေတ္တာသက်ဝင်ပြီး ပေါင်းဖက်ဖို့ကြိုးစားပေမယ့် မတူညီတဲ့ လူနေမှုစနစ်ကြား ကြုံတွေ့ရတဲ့ အခက်အခဲတွေများစွာ ကြုံတွေ့ရတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ။ဒီဇာတ်လမ်းကို စာရေးဆရာ Brendan Koerner က Now the Hell Will Start ဆိုတဲ့စာအုပ်မှာ ဇာတ်လမ်းဆင် ရေးဖွဲ့ထားပါတယ် ။ အချစ်ကြောင့် အလွမ်းတွေ အဆွေးတွေကြောင့်ပြန်လမ်းမဲ့အင်း (Lake of No Return) ဟာ ပိုမိုကျော်ကြားလာခဲ့ပါတော့တယ် ။

၂၀၀၇ ခုနှစ် အတွင်းမှာ အိန္ဒိယနိုင်ငံကထုတ်ဝေတဲ့ The Telegraph သတင်းစာမှာ ကမ္ဘာကျော် ဘာမြူဒါတြိဂံ (Burmuder Triangle) နဲ့ တွဲဖက်ပြီး နောင်ယန်းအင်းကို Local Bermuda Triangle လို့ တင်စား ရေးသားခဲ့ကြောင်း သိရှိရပါတယ် ။

မည်သို့ပင်ဖြစ်ပါစေ ... ။
ဒေသခံတွေက နတ်ဘီလူးတွေ ကျက်စားတယ်လို့ ယုံကြည်ကြတဲ့ ၊ 
အိန္ဒိယ မြန်မာ နယ်စပ်ကို ပိုင်းခြားသတ်မှတ်ထားတဲ့ ပတ်ကွိုင်တောင်တန်းရဲ့ တောင်ခြေမှာရှိတဲ့ ၊ ရေအနည်းဆုံးအချိန်မှာ အလျား ၁ မိုင်နီးပါး ( ၀.၈၇) မိုင် ၊ အနံ ( ၀.၅ ) မိုင် ကျယ်၀န်းတဲ့ နာမည်ကျော် နောင်ယန်းအင်းဟာ ပဟေဠိဆန်တဲ့ အလှတရားတွေနဲ့ ယခုထက်တိုင် နာမည်ကျော်လျက် ရှိနေဆဲပါပဲ ... ။

ကိုးကား _ Tun Tun Win' s post    
#ပုံများနှင့်ကိုးကားစာများအားလေးစားစွာခရက်ဒစ်ပေးပါသည်ခင်ဗျာ။
================================

Crd

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

ဘာမြူဒါ တြိဂံ (Bermuda Triangle)