သံဓာတ်ကြွယ်ဝသော အစားအစာများ

"သံဓာတ်ကြွယ်ဝသော အစားအစာများ"
သံဓာတ်ချိုတဲ့ရင် (Iron Deficiency Anemia) လိုခေါ်တဲ့ သွေးအားနည်းရောဂါ ရနိုင်တယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဒီလိုသွေးအားနည်းခြင်းကို ကြိုတင်ကာကွယ်နိုင်ဖိုအတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ဖော်ပြပေးချင်ပါတယ်။

'အနီရောင်အသားနှင့်ငါးများ'
အမဲသား၊ သိုးသား၊ ဝက်သားလိုအနီရောင် အသားမျိုး တွေ၊ ကြက်ဆင်သား၊ ကြက်သား၊ ဘဲသားလို အဖြူရောင်အသားတွေ၊ ဆော်လမွန်၊ တူနာငါးလိုငါးမျိုးတွေမှာ သံဓာတ်လုံလောက်စွာ ပါဝင်နေပါတယ်။ ဒါ့အပြင် ဥမျိုးစုံကလည်း သံဓာတ်မြင့်မားစွာ ပါဝင်ပါတယ်။

'ပဲအမျိုးမျိုး'
ပဲကြီး၊ စားတော်ပဲ၊ ပဲနီလေး၊ ပဲပိစပ်၊ ကုလားပဲတွေဟာ သံဓာတ်ကြွယ်ဝတဲ့ပဲတွေပဲ ဖြစ်ပါတယ်။ အခြားသီးနှံများမှာတော့ အုတ်ဂျုံ၊ ကောက်နှံ၊ ဘာလီ၊ ဂျုံလို နှံစားသီးနှံတွေ ပါဝင်ပါတယ်။

'အပင်ထွက်ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ'
သကြားမုန်လာဥ၊ အာလူး၊ ပန်းမုန်လာစိမ်း၊ ဟင်းနုနယ်၊ ငရုတ်သီးပွ၊ ပဲငပိ၊ မုန်လာဥဖြူ၊ ကိုက်လန်၊ သံလွင်သီးတွေကတော့ သံဓာတ်ကြွယ်ဝတဲ့ သီးနှံတွေပါပဲ။

ဒါ့အပြင် အူထဲကနေ သံဓာတ်စုပ်ယူမှုအားကောင်းစေဖိုဆိုရင် ဗီတာမင်စီက အရေးပါတာမလို လိမ္မော်သီး၊ ကမ္ဗလာသီး၊ သံပရာသီး၊ လီမွန်သီးနဲ့ ကျွဲကောသီးလို ဗီတာမင်စီကြယ်ဝတဲ့ အစားအစာတွေကိုလည်း စားသုံးပေးသင့်ပါတယ်နော်။

Crd


 

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)