မဲလံဆံတော်ရှင် စေတီတော်


မဲလံဆံတော်ရှင် စေတီတော် 

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းရှိ မဲလံဆံတော်ရှင် စေတီကို မဲလံတောင်မှာ တည်ထားကိုးကွယ် ထားပါတယ်။ 

မဲလံတောင်က ဘီးလင်းမြို့ရဲ့ မြောက်ဘက် (၁၄)မိုင် (၅)ဖာလုံ အကွာမှာရှိတဲ့ ဘီးလင်း - ဖာပွန် ကားလမ်းမ နံဘေးမှာ တည်ရှိပါတယ်။ 

မဲလံတောင်ကို အဝေးက လှမ်းကြည့်ရင် လဲလျောင်းနေတဲ့ နဂါးတစ်ကောင်အလား ထင်မှတ်ရပါတယ်။

မဲလံတောင်ဟာ ကျောက်တောင်အမျိုးအစား ဖြစ်ပြီး တောင်ပေါ်မှာ ဘုရား၊ စေတီ ပေါင်း ၄၀ ဝန်းကျင်လောက် တည်ထားလျက် ရှိပါတယ်။ 

မဲလံဆံတော်ရှင် သမိုင်းသည် သထုံရာဇဝင်နှင့် နှီးနွယ်လျက် မြတ်စွာဘုရားသခင် သုဝဏ္ဏဘူမိသို့ ဒေသ စာရီကြွရောက်ပြီး ဆံတော်ဓာတ်များ ချီးမြင့် ပေးသနားတော်မူသည့် သမိုင်းနှင့်ဆက်နွယ်လျက်ရှိကြောင်း ရှေးလူကြီးသူမများ ပြောကြားမှုမှတစ်ဆင့် မှတ်သားရပါတယ်။ 

မဲလံစေတီတော်တည်နေရာမှာ ယခင်ကသွားရန်
မလွယ်ကူ တောကြိုတောင်ကြားတောင်ထွတ်များ ခြုံနွယ်ပိတ်ပေါင်းကြားမှာ တည်ရှိသဖြင့် လူသိနည်း အရောက်အပေါက် နည်းခဲ့ပါတယ်။ 

   အခုချိန်မှာတော့ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပြီဖြစ်သလို ကျိုက်ထီးရိုးတောင်ကဲ့သို့ ကားဖြင့် အတက်အဆင်း လွယ်ကူစွာ ပြုလုပ်နိုင်တဲ့အတွက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများ နေ့စဉ်မပြတ် လာရောက်ဖူးမြော်နေကြပါပြီ။ 

တောင်ခြေရင်းမှာ ဒေသထွက် သစ်ဥသစ်မြစ် ၊ သစ်သီးဝလံ ပန်းမန်များ ၊ အမှတ်တရ ပစ္စည်းများကိုလည်း ရောင်းချပေးလို့ မိတ်ဆွေ အပေါင်းအသင်းတွေအတွက် လက်ဆောင်အဖြစ် ဝယ်ပြန်ပေးလို့ အဆင်ပြေပါတယ်။ 

ဆံတော်တောင်နှင့် အနီးပတ်ဝန်းကျင် ရွာများတွင်လည်း ဖြူစင်ရိုးသားသော ကရင်လူမျိုးအများစု နေထိုင်ကြပါတယ်။

နှစ်စဉ် တပေါင်းလပြည့်တိုင်း ဘုရားပွဲတော်များကို စည်းကားသိုက်မြိုက်စွာ ကျင်းပကြပြီး သက်သက်လွတ် စတုဒီသာနဲ့ ကျွေးမွေးဧည့်ခံလို့ အခွင့်သာရင် အလည်လာရောက် ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်။
#ကိုးကား ဖေ့စ်ဘုတ် ၊ ဝီကီ
#Austin

Comments

Post a Comment

Popular posts from this blog

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)