ဆံပင်တွေ မကျွတ်အောင် ဘာလုပ်ကြမလဲ

 


ဆံပင်တွေ မကျွတ်အောင် ဘာလုပ်ကြမလဲ

-အစာအာဟာရ ညီမျှအောင် စားသုံးခြင်း

အာဟာရဓာတ်စုံလင်အောင် အသီးအရွက်၊ အသား၊ အစေ့အဆံနှင့် ပင်လယ်စာတိုကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်တာ သက်သာလာနိုင်ပါတယ်။

-ဆံပင်ကို တင်းကြပ်စေတဲ့ စတိုင်လ်မျိုး မလုပ်ခြင်း

ဆံပင်ကို တင်းတင်းကြပ်ကြပ်ကြီး စီးတာ၊ ထုံးတာမျိုး မလုပ်ဘဲ ပြေပြေလေး ကျစ်ဆံမြီးကျစ်တာပဲ ဖြစ်ဖြစ်၊ ပြေပြေလေး စီးထားတာပဲဖြစ်ဖြစ်၊ ဆံပင်ကို ဒီတိုင်း ချထားတာပဲဖြစ်ဖြစ် လုပ်ရင်တော့ ဆံပင်ကျွတ်တာ သက်သာနိုင်ပါတယ်။

-အိပ်ရေးဝဝအိပ်ခြင်း

တစ်နေ့ကို အနည်းဆုံး ခုနစ်နာရီမှ ရှစ်နာရီထိ အိပ်စက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ဆံပင်ကို ကောင်းစွာ ဖွံဖြိုးစေတဲ့ ဟော်မုန်းကို ကောင်းကောင်းလည်ပတ်စေတဲ့အပြင် ဆံပင်ကို ဆီအများကြီး ထွက်ခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

-ဖြည့်စွက်စာ သောက်သုံးခြင်း

အစာကြေးများပြီး အာဟာရချိုတဲ့တဲ့လူတွေတွက် multivitaminတွေကို သောက်သုံးပြီး ဆံပင်သန်အောင်နှင့် ဆံပင်ဆဲလ်လေးတွေ ကျန်းမာလာအောင် ပြုလုပ်နိုင်ပါတယ်။

-သင့်လျော်သော ထုတ်ကုန် အသုံးပြုခြင်း

Shampoo၊ mask၊ cream စတာတွေကို အသုံးပြုမယ်ဆိုရင် အရည်အသွေးကောင်းမွန်ပြီး မိမိနှင့် တည့်တာမျိုး ရွေးခြယ်သင့်ပါတယ်။

#Crd


Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)