Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai ရဲ့ မိန့်ခွန်းလေးတစ်ခု


Google ရဲ့ CEO ဖြစ်တဲ့ Sundar Pichai ရဲ့ မိန့်ခွန်းလေးတစ်ခုကို ပထမဆုံးဖတ်ကြည့်လိုက်ပါနော်။ 

"Imagine life is a game of 5 balls that you manipulate in the air trying not to fall these balls. One of them is rubber, and the rest are glass."

" ဘဝဆိုတာကို ဘောလုံးငါးလုံးကို မြေပေါ်မကျအောင် ထိန်းကစားရတဲ့ game တစ်ခုလို မြင်ကြည့်ပါ။ အဲဒီဘောလုံးငါးလုံးထဲမှာ တစ်လုံးသာလျှင် ရာဘာဘော်လုံး ဖြစ်ပြီး ကျန်တဲ့ လေးလုံးက ဖန်ဘောလုံး ဖြစ်ပါတယ်။ "

The five balls are work, family, friends, health and soul. 

💡ဒီဘောလုံးငါးလုံးမှာ work ( အလုပ်)တစ်ခုသာလျှင် ရာဘာဘော်လုံးဖြစ်ပါတယ်။ ကျန်တာအကုန်လုံးကတော့ ဖန်ဘောလုံး ဖြစ်ပါတယ်။ 

💡Work
အလုပ်ဆိုတာ အရေးကြီးပါတယ်။ ဒါပေမဲ့ ပြန်လည်တည်ဆောက်လို့ရနိုင်ပါသေးတယ်။ တစ်ကြိမ်ရှုံးရင် နောက်တစ်ကြိမ် ကြိုးစားခွင့် ရှိပါသေးတယ်။ ဒါကြောင့် rubber ball လို့ဆိုထားခြင်းဖြစ်ပါတယ်။ ကျသွားခဲ့ရင် ပြန်ခုန်နိုင်တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ လုပ်သင့်သလောက် မလုပ်ဘဲ့ နေရင်တော့ ဘဝမှာ အဆင်ပြေမှာ မဟုတ်ပါဘူး။

💡Family
မိသားစုဆိုတာတော့ ဘဝမှာ အစားထိုးလို့မရတဲ့ အရာတစ်ခုဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူး။ ရုပ်ဝတ္ထုတွေ ဖွံံ့ဖြိုးတိုးတက် လာတာနဲ့အမျှ family relationship မှာ အားပျော့လာတယ် လို့မြင်မိပါတယ်။ ကျွန်မတို့ဟာ social media တွေကနေတဆင့် သူငယ်ချင်းအသစ်တွေရသလို ငယ်သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ခွင့် ရကြပါတယ်။ ကျွန်မတို့လက်က ဆက်မပြတ် typing တွေရိုက်နေပေမဲ့ မိသားစုနဲ့ စကားစာမြည် ပြောဖြစ်ရဲ့လား။ ဂရုစိုက်ဖြစ်ရဲ့လားဆိုတာ ကိုယ်ကိုတိုင် သတိမထားမိဘဲ့ ဖြစ်နေကြလိမ့်မယ်လို့ကျွန်မ ထင်ပါတယ်။ ကြာလာရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုလွဲရာကနေ တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က နားမလည်ဘဲ့ဖြစ်လာကြပါလိမ့်။ ဒါဆိုရင်တော့ ဒီ conflict ကြီးကြောင့် family relationship ကြီးက ပျက်စီးသွားပါလိမ့်မယ်။ လူသားတွေဖြစ်တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် ပြန်အဆင်ပြေဖို့ဆိုတာ ခက်ခဲပါတယ်။ ပြန်အဆင်မယ်ဆိုရင်တော့ အကောင်းဆုံး ပေါ့နော်။ ဒါကြောင့် family ဆိုတာ glass ball လို့တင်စားထားတာပါ။ 

💡Friends
သူငယ်ချင်း မိတ်ဆွေ ဆိုတာ ဒုတိယမိသားစုပါ။ ဒါကြောင့်တခါတလေ သူငယ်ချင်း တွေနဲ့ အချိန်အတူတူ ဖြုန်းသင့်ပါတယ်။ Phone ဆက်ပြီး ရင်ဖွင့်တာဖြစ်ဖြစ် သူငယ်ချင်းရဲ့ စကားကို နားထောင်ပေးတာဖြစ်ဖြစ် လုပ်သင့်ပါတယ်။ ဒီလို ဖုန်းဆက်စကားပြောတာဟာ တစ်ချို့သူတွေ အတွက်လွယ်ကူပေမဲ့ ကျွန်မ လို introvert တွေအတွက်ကတော့ ခက်ခဲ ပါတယ်။ (ဒီအကြောင်း နောက် content တစ်ပုဒ် သပ်သပ်ထပ်ရေးပါမယ်) ဒါပေမယ့်လဲ Text နဲ့ကြိုးစား ပြီး ဆက်သွယ်ဖြစ်ပါတယ်။ အလုပ်ကြောင့်ဖြစ်စေ မိသားစုကိစ္စကြောင့် ဖြစ်စေ အသက်ကြီးလာနဲ့အမျှ သူငယ်ချင်း တွေနဲ့ တစ်ဖြည်းဖြည်း ကင်းကွာလာကြပါတယ်။ ဒါပေမဲ့ သူငယ်ချင်း ဆိုတာထပ်ရဖို့ ခက်ပါတယ်။ ဒါကြောင့် ရှိတဲ့သူငယ်ချင်းတွေကို တန်ဖိုးထားစေချင်ပါတယ်။ သူငယ်ချင်း ဆိုတာ တခါတလေ ရန်ဖြစ်ပြီး ပြန်အဆင်ပြေတတ်ပေမဲ့ သူငယ်ချင်းသံယောစဥ်ဟာ ပြတ်တောက်သွားရင် ပြန်ဆက်ဖို့ မလွယ်ကူပါဘူး။ So, friend is glass ball. 

💡Health
ကျန်းမာခြင်းသည် လာဘ်တစ်ပါး ဆိုတဲ့စကား အတိုင်းဘဲ့ ကျန်းမာရေးကောင်းမှသာလျှင် စိတ်လဲချမ်းသာရပါတယ်။ ငွေကြေးပြည့်စုံ ပေမဲ့ မကျန်းမာလျှင် စိတ်ချမ်းသာမှာ မဟုတ်ပါဘူး။ ကျန်းမာရေး ဆိုတာ မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံး ပါ။ နေ့စဥ် ကိုယ်လက် လှုပ်ရှား လေ့ကျင့်ခန်းလုပ်မယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစာကို စားမယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထ တွေကို ကျင့်သုံးမယ်ဆိုရင် တော့ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိပါဘူး။ Prevention is better than cure. ရောဂါ တစ်ခု ဖြစ်လာပြီဆိုရင် ကုသဖို့ ငွေကြေး ကုန်ကျသလို အချိန်ကုန် လူလဲပန်း ပါဘဲ့။ ဘာမှကောင်းတာမရှိပါဘူး။ 

💡Soul 
မြန်မာလို ပြောရရင် "စိတ်" ။ ဝေါဟာရ တစ်လုံးတည်းပါ။ ဒါပေမဲ့ အရမ်းကျယ်ပြန့် ပါတယ်။ စိတ်အကြောင်း ပြောဖို့ကျွန်မ မှုလုံလောက်တဲ့ ပညာ မရှိသေးပါဘူး။ ဒါပေမဲ့ သိသလောက်တော့ ကြိုးစားပြီး ပြောပြသွားပါမယ်။ စိတ်မှာအကြည်ဓာတ် ရှိဖို့က အရေးကြီးဆုံးလို့ ကျွန်မ ထင်ပါတယ်။ စိတ်ကြည်လင်ဖို့က မနာလိုခြင်း၊ ဝန်တိုခြင်း ကင်းယုံသာမက သူတပါး အတွက် မုဒိတာပွားနိုင်ဖို့လိုပါတယ်။ သူတစ်ပါးအကြောင်း မတွေးဖို့ မပြောဖို့ လဲအရေးကြီးပါတယ်။ နောက်ပြီး တစ်ခြားလူတစ်ယောက် ကိုကြည့်တဲ့အခါမှာလဲ သူ့ရဲ့ ကောင်းကွက်လေးတွေကိုမြင်အောင် ကြည့်တတ်ဖို့ လိုသလို၊ မကောင်းတာကိုလဲ ပျက်ရယ်မပြုမိဖို့၊ မကဲ့ရဲ့မိဖို့ လိုပါတယ်။ အဲလောက်ဆိုရင်တောင် ကျွန်မတို့စိတ်ဟာ အလွန်အေးချမ်းနေလောက်ပါပြီ။ 

ဘဝမှာ ဒီဘောလုံးငါးလုံး ကို balance ဖြစ်အောင်ထိန်းနိုင်ဖို့ လိုပါတယ်။ အမြဲတမ်းတော့ balance မဖြစ်နိုင်ပေမဲ့ ဒီလို ဟန်ချက်ညီအောင် ထိန်းနေရတာဟာ ဘဝရဲ့ အနှစ်သာရ ဘဲ့လို့ကျွန်မမြင်မိပါတယ်။ 

 Zero

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)