ကရင်ရိုးရာ ဝက်ခေါင်းချဉ်လုပ်နည်းအဆင့်ဆင့်


- ကရင်ရိုးရာ ဝက်ခေါင်းချဉ်လုပ်နည်းအဆင့်ဆင့် ....
၁။ ဝက်ခေါင်းအရိုးနွှာပါ။
၂။ အရိုးနွှာပြီး ဝက်သားကို ခေါက်ဘက်မှနေ၍ တူးနေအောင်မီးသွေးဖြင့်ကင်ပါ။ အသား သုံးပုံ တစ်ပုံခန့်အထိ ကျက်ပါစေ။
၃။ တူးနေသောအခေါက်ကို ရေစိမ်ပြီး ခြစ်ပါ။ အဝါရောင်ဝက်ခေါက်ပုံဖြစ်လာပါလိမ့်မည်။ 
၄။ ထို့နောက် ရေစင်အောင်ဆေးပါ။
၅။ သန့်စင်ပြီး ဝက်သားကို စိတ်ကြိုက်အတုံးလေးများဖြစ်အောင် လှီးဖြတ်ပါ။ (ပုံတွင် - ကျနော်က အရွယ်အငယ်လေးတွေကြိုက်သော်လည်း၊ အုပ်ချုပ်ရေးမှူးက အတုံးကြီးကြီးကို သဘောကျလေသောအခါ - အသေးအကြီးရောနေပါသည်။)
၆။ လှီးဖြတ်ပြီး ဝက်သားကို ဆားအနေတော်ထည့်ပြီး ၃ နာရီခန့် နှပ်ထားပါ။
၇။ ထမင်း (ပျော့ရင်မကောင်း) ကို ရေဖြင့်ဆေးပါ။
၈။ ရေဆေးပြီး ထမင်းကို ဆားအနေတော်ထည့်ပါ။
၉။ ထို့နောက် ထမင်းနှင့် ဝက်သားကို ရောသမအောင်မွှေပြီး ပုံးတစ်ခုခုအတွင်း ထည့်သိပ်ပါ။ သေချာစွာ ဖိသိပ်ရန်လိုအပ်ပါသည်။
၁၀။ အဖုံးကို လုံအောင်ပိတ်ပြီး (၄-၅) ရက်ခန့်ကြာသောအခါ ကရင်ရိုးရာ ဝက်ခေါင်းချဉ် ရရှိပါမည်။ (အချဉ်မြန်စေချင်ရင် ကြက်သွန်ဖြူဉခြမ်း၍လည်း ထည့်နိုင်ပါသည်။ သို့သော်၊ အရမ်းအချဉ်မြန်သဖြင့် အထားမခံပါ။)
မှတ်ချက်။ ။ အချိ့က အဆိုပါဝက်ခေါင်းချဉ်ကို ငြုပ်သီးစိမ်းကို နှစ်ပိုင်းချိုးပြီး အစိမ်းအတိုင်း မြှုပ်စားကြသလို၊ အချို့ကလည်း ကြော်စားကြပါသည်။ အချိုက ဟင်းချက်စားသည်လည်းရှိပါသည်။

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)