နိုင်အာဂရာ ရေတံခွန်


နိုင်အာဂရာ ရေတံခွန်

ကြည်လင်အေးမြသော ရေ ၊ ရှုမျှော်မဆုံးအောင်လှပသော လျှိုမြောင်ကျောက်ကမ်းပါးများနှင့် စိမ်းလန်း‌စိုပြည်နေသော သစ်ပင်ပန်းပင်တို့ကြောင့် ကမ္ဘာပေါ်တွင် အလှပဆုံးသော သဘာဝရှူခင်းတရပ်ဖြစ်သည့် နိုင်အာဂရာရေတံခွန်သည် အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့ကိုပိုင်ခြား သတ်မှတ်ထားသော နိုင်အာဂရာမြစ်ထဲတွင် ရှိလေသည်။ နိုင်အာဂရာမြစ်သည် အီရီအိုင်ကြီး၏ ထွက်ပေါက်တစ်ခုဖြစ်၍ ထို့အိုင်ကြီးမှ ၃၆မိုင်ခန့် ကွာဝေးသော အွန်တေးရီးယိုးအိုင်ထဲသို့ စီးဝင်သွားသည်။ စစ်စစ်ယင်းသည် ရေပြင်ကြီးနှစ်ခု ဆက်သွားထားသောကြောင့် ရေလက်ကြားတစ်ခုဟုဆိုနိုင်လေသည်။ 

       နိုင်အာဂရာမြစ် စတင်စီးဆင်းရာ အီရီအိုင်သည် စီးဝင်ရာအွန်တေးရီးယိုးအိုင်ထက်၃၂၆ပေပိုမြင့်သည်။ ယင်းသည်အီရီအိုင်မှ အစပြု၍ မြောက်ဖက်သို့အစဉ်အတိုင်း စီးဆင်းလာရာ ၆မိုင်ကျယ်သည့် ဂရင်းကျွန်းကြောင့် မြစ်ကြောင်းသည် နှစ်ဖြာကွဲကာ ပြန်လည်ပေါင်းဆုံပြီနောက် ၊ ရေတိမ်ချောင်းကြီးတစ်ခုအဖြစ် ဆက်လက်စီးဝင်သွားသည်။ ထိုမှအောက်ဖက် ၄ မိုင်အကွာတွင် ၊ ထုံးကျောက်ကမ်းပါးပြတ်ကြီးမှ အောက်သို့ထိုးကျသွားရာ ၊ ဆိတ်‌ကျွန်းကြောင့် ရေကြောင်းနှစ်ဖြာကွဲလျက် ကမ္ဘာပေါ်တွင် ထင်ရှားကျော်စော်လှသော ရေတံခွန်နှစ်သွယ်ဖြစ်လာသည်။ မြောက်ဘက်ရှိရေတံခွန်သည် ၁၆၇ပေမြင့်ပြီ ပေ၁၄၀၀ခန့်ကျယ်ဝန်းသည်။ ယင်းကိုအမေရိကန်ရေတံခွန်ဟုခေါ်သည်။ တောင်ဖက်ရှိရေတံခွန်သည် ၁၅၈ ပေမြင့်ပြီ အကျယ်ဆုံးနေရာ၂၉၅၀ ပေကျယ်ဝန်းသည်။ ၎င်းကို ကနေဒါရေတံခွန်ဟုလည်းကောင်း ၊ မြင်းခွာပုံသဏ္ဌာန်ရှိသောကြောင့် မြင်းခွာရေတံခွန်ဟုခေါ်ဝေါ်ကြလေ့ရှိသည်။ 

ရေတံခွန်များသည် ညအခါတွင် ရောင်စုံမီးမောင်းများ ထိုးထားသဖြင့် ကြည့်မငြီးအောင် လှပလေသည်။ သို့ရာတွင်‌ ရေတံခွန်ကြီးမှရေအားလျှပ်စစ်ထုတ်ယူသော လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ထိုဓာတ်အားပေးစက်ရုံကိုအမှီပြု၍ ပေါ်ပေါက်လာသော စက်ရုံများကြောင့် ရေအဟုန်းလျော့နည်းသွားကာ ၊ရေတံခွန်များ၏ ပဒေသာရှုခင်းပျက်ပြားသွားဖွယ်ရာအကြောင်း ပေါ်ပေါက်လာခဲ့၏။ ထိုကြောင့် အမေရိကန်နိုင်ငံပြည်ထောင်စုအစိုးရနှင့် ကနေဒါနိုင်ငံအစိုးရတို့သည် စက်မှုလက်မှုလုပ်ငန်းဆိုင်ရာကိစ္စများအတွက် အမေရိကန်ပြည်ထောင်စုဖက်တွင် တစ်စက္ကန့်လျှင်ရေကုဗပေ ၂၀၀၀၀အသုံးပြုရန်နှင့် ကနေဒါဖက်တွင် ကုဗပေ ၃၆၀၀၀ အသုံးပြုရန် သဘောတူညီ သတ်မှတ်ထားခဲ့သည်။ ထိုပြင်သဘာဝရှုခင်းသာကို ဆက်လက်ထိန်းသိမ်းရန် ရေတံခွန်ကြီးများတဝိုက်တွင် ပန်းခြံကြီးများ ပြုလုပ်ထားသည်။

         နိုင်အာဂရာရေတံခွန်များမှာ ကမ္ဘာကျော်သည့် အလျောက်၊ ကမ္ဘာအရပ်ရပ်မှ ဗဟုသုတ စုဆောင်းရန်နှင့် အပျော်ခရီးသူများသည် မပြတ်မလပ်လာရောက်‌ကြည့်ရှူ‌ကြသည်။ ရေတံခွန်ကြီးများအနီး၌ ရှူခင်းကောင်းသောနေရာများတွင် ရေတံခွန်ကို ကြည့်ရန်အတွက်နေရာထိုင်ခင်းများ သီးခြားပြုလုပ်ပေးထားသည်။

      နိုင်အာဂရာဟူ‌သည်မှာ အီရာကွာ အမေရိကန်တိုင်းရင်းသားများက ပေးထားသော အမည်ဖြစ်ပြီ “မိုးခြိမ်းသံပြုသောရေ”ဟုအဓိပ္ပါယ်ရလေသည်။ 

Googleတွင်နိုင်အာဂရာရေတံခွန်နှင့်ပတ်သက်ပြီမေးတတ်သောမေးခွန်း

နိုင်အာဂရာရေတံခွန်က ဘာကြောင့် နာမည်ကြီးတာလဲ။

- နိုင်အာဂရာရေတံခွန်ကို အလွန်အထင်ကြီးစေသောအရာမှာ စီးဆင်းနေသောရေပမာဏဖြစ်သည် ။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးရေတံခွန်အများစုသည် ၎င်းတို့အပေါ်မှစီးဆင်းနေသော ရေအနည်းငယ်သာရှိသည်။ နိုင်အာဂရာရေတံခွန်သည် အလွန်ရင်သပ်ရှုမောဖွယ်ဖြစ်စေသည့် အမြင့်နှင့် ထုထည်ပေါင်းစပ်မှုဖြစ်သည်။

နိုင်အာဂရာရေတံခွန်က ကမ္ဘာအကြီးဆုံးရေတံခွန်လား။

- နိုင်အာဂရာရေတံခွန်ဟာ ကမ္ဘာပေါ်မှာ အမြင့်ဆုံးရေတံခွန်မဟုတ်ပါဘူး ။ ဗင်နီဇွဲလားရှိ Angel Falls အပါအဝင် အခြားသော ရေတံခွန် 50 ခန့်သည် အမြင့် 979 မီတာ (3,212 ပေ) တွင် ပထမအဆင့်ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်တွင် အမြင့်ဆုံးရေတံခွန်အချို့သည် ၎င်းတို့အပေါ်မှစီးဆင်းသောရေအနည်းငယ်သာရှိသည်။
    
နိုင်အာဂရာရေတံခန်ကို နာမည်ကြီးစေတဲ့အချက်ကဘာလဲ။

- နိုင်အာဂရာရေတံခွန်တွင် ရေတံခွန် ၃ ခု ပါဝင်သည်။ 

- နိုင်အာဂရာရေတံခွန်သည် ကမ္ဘာ့ရေစီးနှုန်းအမြင့်ဆုံးဖြစ်သည်။ 

- နိုင်အာဂရာရေတံခွန်သည် ရေအားလျှပ်စစ်အရင်းအမြစ်ဖြစ်သည်။ 

- နိုင်အာဂရာရေတံခွန်ကို ဖြတ်လျှောက်တဲ့ Tightrope 5 ခု ရှိခဲ့ပါတယ်။

- Niagara Falls State Park သည် အမေရိကတွင် ရှေးအကျဆုံးဖြစ်သည်။

- နိုင်အာဂရာရေတံခွန်ကိုကျော်၍ ငါးခရီးသွားခြင်း။

အကြံပြုချက် - You Tubeတွင် niagara water fall ဆိုလို့ရှာလိုက်ရင် အရမ်းလှတဲ့ ရေတံခွန်ကြီးကို‌ေတွ့မြင်နိုင်ပါတယ်။

Written by Asuka

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)