ဒူးရင်းသီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးအမြတ်များ


ဒူးရင်းသီး စားသုံးခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေး အကျိုးအမြတ်များ

ဒူးရင်းသီးမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အူမကြီး လှုပ်ရှားမှုကို ကောင်းမွန်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ အစာခြေစနစ်ကို ကျန်းမာစေပါတယ်။ အစာစားချင်စိတ် တိုးစေနိုင်ပါတယ်။ လေပွတာ၊ ရင်ပူတာ၊ လေခံတာမျိုးတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
organosulfur ဆိုတဲ့ အင်ဇိုင်းက နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အမျှင်ဓာတ်က သွေးတွင်းမှာ မကောင်းတဲ့ ကိုလက်စထရော ကျဆင်းစေဖို့ ထောက်ကူပေးပြီး နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။
အင်ဆူလင် တုံ့ပြန်မှုကို ကောင်းမွန်စေပြီး သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံး ထိန်းညှိပေးနိုင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေမှုက ဓာတ်တိုးပစ္စည်းတွေကြောင့် ဆီးချို အပါအဝင် နာတာရှည် ရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဆီးချိုရောဂါရှိနေရင်တော့ ဒူးရင်းသီး အလွန်အကျွံ မစားသင့်ပါဘူး။
ဒူးရင်းသီးနဲ့ ပတ်သက်ပြီး ရှောင်ရန်ဆောင်ရန်များ ရှိပေမယ့် မည်သည့်အစားစာမဆို တန်ဆေးလွန်ဘေးဆိုတာ သတိပြုဆင်ခြင်ရင် လုံလောက်ပါသည်

အခဲခံ အအေးခံပီးသော ဒူးရင်းသီးစားသုံးခြင်းဖြင့်ဘေးထွက်ဆိုးကျိုးများလည်း ကာကွယ်နိုင်သလိုအနံအရသာ ထူးကဲကောင်းမွန်လှသဖြင့် စမ်းသပ်စားသုံးခြင်း၊ စီးပွားရေးနယ်ပယ် စမ်းသပ်ချဲံ့ထွင်ခြင်းများ ပြုလုပ်သင့်သည်။
ကျန်းမာရေးနှင့် ညီညွတ်၍ အနံရသာထူးကဲသောကြောင့် ဒူးရင်းသီး အအေးခဲနှင့် ဒူးရင်းသီခြောက်မုန့်ကို စားသုံးမှု အထူးတွင်ကျယ်သလို စျေးနှုန်းမှာလည်း ကုန်ချောအခြောက် တစ်ကီလိုလျှင် ဘတ်၁ထောင်မှ ၂ထောင်ဘတ်အထိ ရရှိသည်။
စီးပွားရေးရော ကျန်းမာရေးပါ အကျိုးပြုနိုင်ပါစေ

ယုဇန (မြိတ်)

Comments

Post a Comment

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)