Croissant = ခွဇွန်း or ခွါးဇန့် or ခရိုးဇွန့်စ်


Croissant = ခွဇွန်း or ခွါးဇန့် or ခရိုးဇွန့်စ်

Croissant ကဘာလို့ လခြမ်းပုံဖြစ်ရတာလဲ? လက်ရှိစျေးကွက်မှာမြင်နေရတဲ့ croissant ကကော ဘာလို့ မကွေးနေရတာလဲ?? ဆိုတဲ့ မေးခွန်းလေးကို ဖြေပေးသွားမှာပါ။

Croissant ကို ပုံစံနှစ်မျိုးနဲ့ တွေ့ရမှာပါ။ လခြမ်းပုံ နဲ့ အတည့်ပေါ့။ လခြမ်းပုံ Croissant (crescent-shaped) ကိုတော့ ordinary croissant ဖြစ်ပြီး သူ့ကိုတော့ margarine နဲ့လုပ်တာပါ။ အတည့် croissant (croissant au beurre) ကိုတော့ Butter နဲ့လုပ်တာပါ။

Croissant ဟာ Kipferl ကနေဆင်းသက်လာတာပါ။ Kipferl ကတော့ Kaisersemmel နဲ့ dough သားတူပြီး shape ကွဲသွားတာပါ။

13th Century မှာ Kipferl ကို Austria မှာ ပုံစံအမျိးမျိုးနဲ့ ပြုလုပ်ကြပါတယ်။ Kipferl ကို plain dough 
အပြင် nuts dough ဆိုပြီး လုပ်ကြတယ်။

1839 မှာ Austria အမြှောက်တပ်က ဗိုလ်ကြီး 
August Zang က Paris မြို့မှာ Viennese Bakery ကိုဖွင့်လှစ်ခဲ့ပါတယ်။  Viennese ဆိုတာ Biscuit နှစ်ခုကြားမှာ Butter cream နဲ့ Jam ညှပ်ပြီး စားရတာပါ။ ဆိုင်နမည်က Boulangerie Viennoise ပါ။ ( 92 rue de Richelieu in Paris ဆိုင် Address ပါ 😏)

ဆိုင်မှာ Viennese အပြင် Kipferl နဲ့ Vienna loft ကိုပါ ရောင်းချပါတယ်။ ဆိုင်က အရမ်းအောင်မြင်ခဲ့ပြီး ပြင်သစ်လူမျိုးတွေကပါ လိုက်တုပပြီး ဖွင့်ကြပါတယ်။ ပြင်သစ်တွေက Kipferl ကို crescent shape (Croissant)လို့ အမည်ပေးလိုက်ပါတယ်။ 1848 မှာ Zang ဟာ အမိမြေ Austria 🇦🇹ကိုပြန်သွားခဲ့ပါတယ်။ မုန့်ဆိုင်ကိုတော့ တခြားသူဆီရောင်းချခဲ့ပါတယ်။ 1869 မှာတော့ Croissant ကို Breakfast menu ထဲကို ထည့်
သွင်းခဲ့ပါတယ်။

Kipferl 
………….
Kipferl ဖြစ်ပေါ်လာပုံ နှစ်ခုဖြစ်နေပါတယ်။

တခုကတော့ 1686 မှာ Christian Force တွေက Ottomans Empire ရဲ့ မြို့တော် Budapest ကို စစ်နိုင်သွားတဲ့ အချိန်မှာ အောင်ပွဲအထိန်းမှတ်အနေနဲ့ လခြမ်းပုံ ( Ottomans အလံရဲ့ သင်္ကေတ)မုန့်ကို ပြုလုပ်ခဲ့တာပါ။ 

နောက်တခုကတော့ 1983 မှာ တူရကီတွေက Vienna မြို့ကို ဝိုင်းတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။ အဲ့ချိန်က Baker တွေဟာ ညအချိန်တွေကို မုန့်လုပ်ရင်း ကင်းစောင့်ရပါတယ်။ အကြောင်းကတော့ တူရကီတွေ မြို့တော်ကို ဝိုင်းထားကြလို့ပါ။ တူရကီစစ်သားတွေက မြို့တာ် အုတ်တံတိုင်းအောက်ကနေ မြေအောက်လှိုင်တူးပြီး မြို့ထဲဝင်ဖို့ ကြိုးစားချိန်မှာ Baker တွေက သိသွားပြီး ဥမင်လှိုင်ကို ဗုံးခွဲခဲ့တာကြောင့် တူရကီစစ်သားတွေ အထိနာသွားပြီး ပြန်ဆုတ်သွားပါတယ်။ Baker တွေက အောင်နိုင်ခြင်းအထိန်းမှတ်နေနဲ့ လခြမ်းပုံမုန့်ကို ဖုတ်ခဲ့ပါတယ်။

1938 မှာ Croissant အကြောင်း ပထမဆုံးရေးခဲ့တဲ့ စာရေးဆရာ Alfred Gottschalk ကတော့ “ Turkish attack on Budapest in 1686" လို့ဖော်ပြခဲ့ပြီး 
History of Food မှာတော့ “Siege of Vienna in 1683” လို့ဖော်ပြခဲ့ပါတယ်။

*ဘာသာရေးတင်းကြပ်တဲ့ Islamic တိုင်းပြည်တွေမှာ Croissant ကို တားမြစ်ထားပါတယ်။

တောင်မြန်မာမှ မုန့်ဖုတ်သမားလေး

Comments

Popular posts from this blog

မဲလံဆံတော်ရှင် စေတီတော်

မြန်မာပြည်(နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)ထဲက ဘာမြူဒါ (သို့ ) ပြန်လမ်းမဲ့အင်း

ဘာမြူဒါ တြိဂံ (Bermuda Triangle)