အညာနဲ့ထန်း
“အညာနဲ့ထန်း” *** မိုးတိမ်ယံကာကွယ် 🎵ယာပြင်လယ်လမ်းမှာလ 🎵 ထန်းပင် ထန်းရွက် ထန်းလက်တွေက အသွယ်သွယ် 🎵 မကြည်အောင်တို့ရွာ ရိုးရွာဇာတိနွယ် 🎵 လမ်းအစဉ် လမ်းအဆက် လမ်းမျက်စိတောင် လည်ပါတယ်မောင်ရယ် 🎵အစ်ကိုရဲ့ ကြိုလှည့် ညိုနွဲ့ဆံကေသွယ် 🎵 ကျွန်မဇာတိဖြစ်တဲ့ အညာဒေသကို ပြန်တဲ့အခါတိုင်း အညာမြေကိုနင်းလိုက်ပြီဆိုတာနဲ့ လမ်းဘေးဝဲယာတလျှောက်မှာ ထန်းတောကြီးတွေတမျော်တခေါ်ကို စမြင်ရတော့တာပဲ။ ထန်းတောတွေကို မြင်တိုင်း နန်းတော်ရှေ့ဆရာတင် ရေးထားပြီး မကြည်အောင် ဆိုထားတဲ့ “ဇာတိနွယ်” သီချင်းလေးက ရင်ထဲကို ရောက်လာတော့တာပဲ။ “ထန်းပင် ထန်းရွက် ထန်းလက် ထန်းတွေက အသွယ်သွယ်” ဆိုတဲ့ သီချင်းစာသားနေရာရောက်ရင် နှုတ်ကညည်းမိသေးတာ။ ငယ်ဘဝထန်းတောအာက်မှာ ပြေးလွှားဆာ့ကစားဘူးခဲ့တာ သတိရလို့။ အညာဆိုတာနဲ့ ပူပြင်းခြောက်သွေ့မှုနဲ့အတူ တမျှော်တခေါ်ထန်းတောကြီးတွေကို တွဲဖက်မြင်ယောင်မိကြမှာပါ။ ထန်းနဲ့အညာဆိုတာ ခွဲခြားလို့မရတဲ့ အမှတ်အသားတခုပါပဲ။ ထန်းပင်ကို အညာဒေသရဲ့ ပဒေသာပင်လို့တောင် ခေါ်ဆိုနိုင်ပါတယ်။ ဘာကြောင့် ပဒေသာပင်လို့ တင်စားရသလဲဆိုရင် ထန်းပင်ကိုအားကိုးပြီး ထန်းတောင်သူသမားတွေဟာ စားဝတ်နေရေးအတွက် ထန်းပင်ကို လုံးဝမှီခို